Wednesday, May 2, 2007

ရွှေမန်းမေ

ရွှေမန်းမေကား စစီးချင်း


ရွှေမန်းမေ Express ကားကြီးတွေကို ဒီကနေ့ ကျွန်တော်စစီးပါတယ်.. ညိမ်နေတာပဲဗျာ... နောက်ပြီးပြောရအုံး မယ်.. နှစ်စကတည်းက ဒိုင်နာခေါင်မိုးပေါ်ပဲစီးလာတာ.. ခေါင်မိုးမင်းသားတွေတောင် ဆိုလို့ရနေပြီ... ဒိုင်နာ ဆရာတွေကလည်း အသေအကြေကို မောင်းတာ.. ပြိုင်ကားမောင်းချန်ပီယံတွေများမှတ်နေကြလားတိဘူး.. အဲ့.. အဲ့.. ကားဆရာတစ်ယောက်ကဆို သူ့ကို ဘာဝါသနာပါလဲသွားမေးမိတယ်... ဂျက်လေယာဉ်မောင်းရတာ သူ့ဝါသနာတဲ့.. တော်သေးတာပေါ့.. ဒုံးကျည်တို့ဘာတို့ မမောင်းချင်လို့ အဲလိုမြန်မှပဲ ကျွန်တော်တို့ကလည်း အကြိုက်.. နှေးနေရင် စီးရတာကိုက အောင့်သီးအောက်သက်နဲ့ အချိန်မရတာလိုလို ဘာလိုလို.. ဟိုနေ့ကမှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ဘာလို့ အဲလောက် အန္တရာယ်များတဲ့ ကားတွေကိုမှ စီးချင်နေလဲပေါ့.. ပြီးတော့ အဲလို ဒိုင်နာတွေစီးတာကလဲ First Year တွေ အများဆုံးလို့ပြောရမလားပဲ.. သူတို့ချည်းပဲ..


ရင်ဘတ်ကို လေပြင်းတွေတိုက်လို့ .. ဟိုနေ့က အိပ်ရာက (၂)ရက်လောက်မထနိုင်ပဲဖြစ်သွားရှာတယ်.. ဒီနေ့ အဲဒီဒုက္ခတွေက ကင်းအောင်လို့ ရွှေမန်းမေထဲ
ဝင်စီးတယ်.. မတ်တပ်ရပ်လိုက်စီးတာပါ.. ထိုင်ခုံအတွက်ကတော့ ဒီတစ်သက်ဘယ်တော့မှ မမှန်းဘူး... :D.. Lady First ဆိုတော့ ထားပါ.. အဲ.. ကောင်မလေးတွေက တစ်ခါမှ တွေ့ဖူးဘူး.. ၀ူး.. ဟူး.. လူကိုအတော် နေရင်းထိုင်ရင်းပျော်သွားတယ်.. တကယ့်အလှလေးတွေ ... “Final Year ကမမရယ်...” သီချင်းတွေတောင် ဆိုချင်စိတ်ပေါက်လာတယ်.. ပြောရင်းဆိုရင်း...


အလကားစတာပါ.. တကယ်ကို တစ်ခါမှမတွေ့ဖူးတဲ့ အလှအပလေးတွေလေ.. 2nd လား 3rd လား hons: လား Master လားသိဘူး.. လှတာတွေမှ အများကြီးပဲ..


တောက်... !!!! ဂလောက် တုံးတဲ့ငါ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တွေ ၁၀ ခါထက်မနည်းတင်နေမိတယ်... :D.. ဟိုး.. အစကတည်းက ရွှေမန်းမေစီးဖို့ကောင်းတယ်.. :D... စီးရတာလည်း တကယ်ကောင်းတယ်.. ညိမ့်ညိမ့်လေးပဲ.. ခေါင်မိုးပေါ်ကလည်း ပြုတ်မကျနိုင်တော့ဘူး.... ခေါင်းမိုးမှမရှိတာကို..


နောက်နေ့က စပြီး.. ကျန်းမာရေးငှဲ့ပြီး.. (ဟုတ်ဝူး.. တိဒယ်မရား.. ) ကျွန်တော် အဲ့လိုကားတွေပဲ စီးပါတော့မယ်ဟု... ကြော်ငြာ် (or) ကြေငြာအပ်ပါသည်...။

4 comments:

Myo Kyaw Htun said...

တအုံ တက္ကသိုလ်ကို သတိရတယ်ကွာ

khunmk said...

ကိုမျိုးကျော်ထွန်း.. ကတော့ သတိရတယ်.. :( ကျွန်တော်က တော့် ပျင်းလို့ သေတော့မယ်ဗျာ.. :'(

Myo Kyaw Htun said...

ဒီလိုပါပဲကွာ ကျောင်းနဲ့ဝေးတော့မှ ကျောင်းကို သတိရတတ်လာတာ

Sai Linn Thu said...

ဟေ.ကောင် မျိုးကျော်ထွန်း..မင်း က ကျောင်းကို သတိရရအောင် အတန်းတက် လို့လား....???