သူတို့အလုပ်သင်သွားပြီ
သူတို့တွေ အလုပ်သင်သွားပြီ
လေးလစာလောက် ဘိုင့်.. ဘိုင့်.. ပါသူငယ်ချင်းရေ....
ဘိုင့်.. ဆိုတာက ကျွန်တော့်သူငယ်ချင်း နှစ်ယောက် တိုင်းရင်းဆေးသိပ္ပံ အပတ်စဉ် ၂၉ ကကျောင်းသား (၂)ယောက်ပါ.. သူတို့တွေ စာမေးပွဲပြီးသွားလို့ အလုပ်သင် သွားရပြီ.. သိန်းဇော်ဦးက ကချင်ကိုလျှောက်တယ်.. သန့်ဇင်က မကွေးကိုလျောက်တယ်... သွားခါနီး ကျွန်တော်တို့ စနေကြတယ်.. ကချင်ကပြန်လာရင် ဘာ လက်ဆောင်ယူခဲ့မှာလဲဆိုတော့ ဂျီးတွန်းကျောက် တစ်ယောက်တစ်လုံးစီ ယူခဲ့မယ်တဲ့..
ဒါနဲ့ ဟိုကောင့်ဖက်လှည့်ပြီး.. “ဟင်း.. မင်းမကွေးမှာ ဘာမှလည်းမရှိဘူး.. နေကလည်းပူနဲ့ .. လည်စရာရှိ ရွှေစက်တော်ပဲကွာ.. မနှိပ်လိုက်တာ.. မင်းတော့ အသားမည်းမှာမြင်ယောင်သေး...”လို့စတယ်...
သူကလည်းပြန်ဖြေပါတယ်.. “ဟေ့ရောင်.. မင်းကလည်းကွာ.. အကွက်ကို မမြင်ပါဘူးကွာ.. မကွေးသွားတာ အလကားမဟုတ်ဘူးကွ.. ရေနံတူးမှာ.. ရေနံတူးမှာ.. ပြီးရင်.. အာဆင်နယ်ကိုဝယ်မှာ.. ဟင်း.. ဟင်း..”
ဟိုက်.. ရှာပါးပါလား..
“ဟိုကောင်.. မင်းက ငှက်ဖျားမိမှာ..” သိန်းဇော်ဦးဖက် ကျွန်တော်ပြန်လှည့်လိုက်တယ်..
“မိ.. မိ.. ကွာ.. ရွှေတွေရရင်ရပြီ..”
“..ဟမ်..”
ဒါနဲ့ ဟိုဟာပြောဒီဟာပြော တောင်ပြောမြောက်ပြော လျောက်ပြောနေကြတယ်.. စကားမစပ် ကျွန်တော် မေးမိတယ်.. “ဒါနဲ့နေပါအုံး.. မင်းတို့ လခဘယ်လောက်ရတုံး..”
“၈၀၀” သံပြိုင်ထွက်လာကြတယ်.. သူတို့မျက်နှာလှမ်းကြည့်မိတော့... ဂလု ဆိုပြီး တံတွေတွေမျိုချကြတယ်..
မြတ်စွာဘုရား.. တစ်လမှ ၈၀၀ တဲ့ ဘာသွားလုပ်မှာတုန်း.. မပေးချင်လဲပေးမနေပါနဲ့တော့.. အင်းလေ.. အလုပ်သင်ဆိုတော့လဲ.. မပေးလိုက်တာမှ နေလို့ထိုင်လို့ ကောင်းအုံးမယ်ကွာ.. အခုတော့.. မြို့ထဲ မိတ္တူဆိုင်မှာ အလုပ်သင်လုပ်တာကမှ တစ်သောင်းခွဲရသေးတယ်.. မိတ္တူလည်းပြင်တတ်သွားလိမ့် အုံမယ်.. အခုလို ကချင်ပြည်နည်.. မကွေးထိလည်းအဝေးကြီးမဟုတ်ဘူး.. တော်သေးတာပေါ့.. ဘုန်းကြီးထောက်ပေလို့သာ...
စကားတွေကောင်းနေကြတုန်း.. ကိုရင်လေးတစ်ပါးက လာပြီး.. ဘုန်းကြီး အားနေပြီ.. သွားကန်တော့ချည်တော့ ဆိုလို့ ကျွန်တော်တို့ကို နုတ်ဆက်ပြီး.. ဘုန်းဘုန်းကို ကတော့ကာ.. ယနေ့ ညနေ ၅ နာရီမှာ သူတို့ အလုပ်သင်လျောက်ရာဆီ အသီးသီးကို.. သွားကြပါပြီ...
တာ့တာ... သူငယ်ချင်းတို့ရေ...


0 comments:
Post a Comment