ထိုမနက်ခင်းနှင့် ကျွန်တော်
သုံးနှစ်လောက်ရှိပါပြီ.. အိပ်ရာစောစောမထတာ ငယ်ငယ်တုန်းကတော့ ထတာပေါ့..
ဒီမနက် ကျွန်တော် ဘာကြောင့်လဲမသိ အိပ်ရေးဝနေပါတယ်.. လူလည်းလန်းနေတယ်ပေါ့.. ဘာလို့ပါလိမ့် အော်.. ညက စောစောအိပ်ရာဝင်ခဲ့လို့အေရင်က ကျွန်တော် မနက်ခင်းစောစောမထတတ်ပါ.. အခုဆိုလျှင် ကျွန်တော်စောစောထတတ်နေပါပြီ..
ကြက်တွန်သံတောင်ကြားနေရပါတယ်.. “အောက်.. အီး.. အီး.. အွတ်.. ”
“လေးလုံးနဲ့ ဆိုင်ကယ် (မှတ်ချက် ။ ။ ခွေးအမည်ဖြစ်သည် .. ကလေးများခေါ်၍ခေါ်ခြင်းဖြစ်သည် :D.. ပြေးလာကြတယ်.. ဘာလို့လဲတော့မသိဘူး.. )က ဆော့နေတယ်.. ကျွန်တော့်မြင်တော့ ကျွန်တော့်ဆီ နှစ်ကောင်သား ပြေးလာကြတယ်.. ဆိုင်ကယ်က ကျွန်တော့်ခြေထောက်ကို သူ့ခေါင်းနဲ့လာတိုးနေတယ်.. သည်ကောင်တွေက ကျွန်တော့်ဘော်ဒါတွေတွေလေ.. အောင်မာ ဒီကောင်တွေနဲ့ ပေါင်းဖို့လွယ်တယ် မှတ်လို့ သူတို့ကို ငယ်ငယ်ကတည်းက အစာကျွေးထားရတာ.. ချစ်စရာလေးတွေ အဲတုန်းက အခုတော့ ကြည့်စမ်း နာရင်းကို အုပ်ချင်စရာ.. အဲလိုပြောရင်း သကောင့်သား တွေကစိတ်ဆိုးတယ်ဗျ.. အမီးလေးကုတ်ပြီး ဟိုဖက်လှည့်ထွက်သွားတယ်.. ဒီကောင်တွေ ရည်းစားတွေဘာတွေမရှိသေးဘူးလား မသိဘူး.. ထားပါ အဲတာတော့.. ဟီး.. မနက်ခင်းကနေ ဘယ်ရောက်သွားလဲသိဘူး..
ခွေးတွေတစ်ချို့ကိုလည်း အဖော်အဖြစ်ခေါ်ခဲ့လိုက်တယ်.. ဒီကောင်တွေလည်း ဘာလို့လဲမသိ တက်ကြွနေပုံပေါက်တယ်... “လေး..လုံး.. လေး.. လုံး..” “..လာ.. လာ.. ” “ရှုး.. ရှုး..” ပါးစပ်ကလည်းပြော လက်ကလည်း လက်ခုပ်လေးတီးရင်း ခေါင်းဆောင်ကို ခေါ်တယ်... သူလိုက်လာတယ်ဆိုရင်ကိုပဲ.. တစ်ခြား အကောင်တွေက လိုက်လာပြီ.. ဟဲ.. ဟဲ.. ကျွန်တော်ကလည်း “ခေါင်မှန်ရင်အကုန်ရတယ်..” ဆိုတဲ့ ပေသီးပစ်တဲ့ သီအိုရီကို သုံးထားတယ်.. :D..
ဒီကောင်တွေကလည်းပြေး ကျွန်တော်လည်းပြေး ... ပြေးရင်းပြေးရင်းနဲ့ ဆော့ရင်းဆော့ရင်းနဲ့ ရေမြောင်းပေါ် (ရေနီမြောင်းဘောင်လမ်း - ယခင် ၆၁ လမ်း ၊ ယခု ရေနီမြောင်းလမ်း :D ) တွေရောက်သွားရော.. ဟိုမှာက အမှတ် (၅)ကျောင်းကြီး.. လမ်း ၃၀ ဒီဘက်ကိုကတော့ ဖောက်လက်စကြီးရယ်... နေကလည်း အရှေ့ဘက်ဆီမှာ ၀ါတာတာလေးထွက်လာပြီ.. လေပြေတစ်ချို့တိုးဝှေ့လာတယ်.. ကျွန်တော့်မျက်နှာတွေကိုပေါ့.. (တစ်ကယ်ဗျ.. ကဗျာဆန်အောင် လျောက်ပြောတာမဟုတ်ဘူး.. သူ့အလိုလို ကဗျာဆန်သွားကြတာ..) အားလုံးဟာ တိတ်ဆိတ်နေပါတယ်.. လေတိုးသံ.. သစ်ရွက်ခတ်သံ.. စပါးပင်များကလည်းစိမ်းလို့ လေယူရာ ကိုယိမ်းနွဲ့ပြီး.. ကနေကြတယ်.. အရာရာဟာ.. လှချင်တိုင်းလှလို့နေတယ်.. အမှတ် (၅)ဘက်ကိုလှည့်ကြည့်လိုက်တော့ အလံတိုင်ကြီးမှာလည်း လွင့်လို့ .. ကျောင်းကို သတိရလိုက်တာ.. (၅) တန်းကနေ (၁၀)တန်းထိ ကျွန်တော်တက်ခဲ့ရတဲ့ကျောင်းပေါ့..
အမှတ် (၅) ကျောင်းကြီးမှာ ကျွန်တော်နေထိုင်သော MBOA နှင့် ရေနီမြောင်းကြီး ခြားထားပါသည်.။ ကျွန်တော်သုတေသန ပြုထားချက်များအရ ကျွန်တော်တို့ကျောင်း တံခါးနှင့် အမှတ်ငါးကျောင်း တံခါးကို ခြေလှမ်းပေါင်း ၃၅၀ ကြီးများတောင် လျှောက်ရပါသည်..။
“ ကောင်မလေးတွေကို သတိရလိုက်တာ..” အဲ ဟုတ်ပေါင်.. ထွီ .. လွှဲပဟ.. ဘေးဘယ်ညာ.. ကျွန်တော်လှည့်ကြည့်မိတယ်..။ ဘယ်သူမှမှရှိ..။ ဟူး.. တော်သေးတာပေါ့..။ ရင်ထဲက အပူလုံးကြီးကျသွားတယ်..။ ပြန်ပြင်ရွတ်လိုက်တယ်.. “ဆရာမတွေကို သတိရလိုက်တာ..”ဆရာမတွေ စာသင်တုန်းလားသိဘူး.. ဟိုကောင်မလေး ဘယ်ကျောင်းတက်နေလဲ သိဘူး.. (တယ်.. ငါ့စိတ်နှယ် .. ဘာဖြစ်နေတာတုံး.. ငြိမ်ငြိမ်နေစမ်း..)
“ကလိုင်.. ကလိုင်.. xxxxxxxxx ... xxxxx .... ” ဟိုက်ခေါင်းလောင်း တောင်ခေါက်ပဟ.. ပြေးပြီတာ့တာ.. ကာယလုပ်ရအုံးမယ်.. မမီရင် အဆော်ပလော်တီးခံရမှာ.. တာ့.. တာနော်.. ဒီနေ့.....
ဟိုကောင်တွေကတော့ ဆော့လို့ကောင်းတုန်း “.. ဟာ.. ဟိုကောင်တွေ.. မြန်မြန်လာဟ.. လေးလုံး.. လေးလုံး.. ၊ ဆိုင်ကယ်.. လာ.. ဆိုင်ကယ်.. ဂလူး.. ဂလူး.. ”


0 comments:
Post a Comment