Wednesday, May 23, 2007

ဖြေချိန် ၁၆ စက္ကန့်နဲ့ ဉာဏ်စမ်းတစ်ပုဒ်

ကျွန်တော် သဘောကျမိတဲ့ ဉာဏ်စမ်းပုစ္ဆာပါ.. သူငယ်ချင်းဖြစ်သူ ကျော်ရဲအောင်က မေးတာပေါ့.. စဉ်းစားချိန် ၁၆ စက္ကန့်ပါ.. ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး.. သိတော့ သိသွားပါတယ်.. ၁ မိနစ်လောက်ကြာမှ.. :D စာဖတ်သူ လည်းဖြေကြည့်ပါ...။

ရေကန်ထဲမှာ ကြာပွင့်တစ်ပွင့်ရှိတယ်တဲ့..။
သူက တစ်ရက်ကို နှစ်ဆကြီးကြီးလာတယ်..။
အဲ.. ၂၁ ရက်နေ့လည်းရောက်ရော... ရေကန်ကြီးကိုဖုံး သွားပါရော..။
ဒါဆိုရင်.. ဘယ်နှစ်ရက်နေ့မှာ ကြာပွင့်ကြီးက ရေကန်ရဲ့တစ်ဝက်ကို ဖုံးမလဲတဲ့...။

စဉ်းစားချိန် ၁၆ စက္ကန့်နော်..။
ကျွန်တော်တော့ မရခဲ့ဘူး.. ၁၆ စက္ကန့်အတွင်း..။

1 comments:

khunmk said...

အဖြေက - ၂၀ ရက်နေ့ဖြစ်ပါတယ်ခင်ဗျာ့း.. ဘာလို့လဲဆိုတော့ တစ်ရက်ကို ၂ ဆကြီးပါတယ်.. ၂၁ ရက်နေ့က ပြည့်တယ်.. အဲ.. ၂၀ ရက်နေ့က သူ့တစ်ဝက်ပေါ့.. ဟီး..