Friday, May 11, 2007

ကားမှောက်ခြင်း၏ နောက်ဆက်တွဲ

ကားမှောက်ခြင်း၏ နောက်ဆက်တွဲ


ကားမှောက်ခြင်း၏ နောက်ဆက်တွဲ စိတ်မချမ်းမြေ့ဖွယ်သတင်းကတော့ ကျွန်တော်တို့အတန်းထဲက နှစ်ယောက် ပါသွားပါတယ်.. အဆိုးဆုံးနှစ်ယောက်လဲဖြစ်ပါတယ်..

ကျွန်တော်ထင်တဲ့ ကိုမျိုးကျော့က သိပ်မဆိုးပါဘူး.. နောက်တစ်ယောက်ထက်စာရင်ပေါ့လေ.. နောက်တစ် ယောက်က ကျော်သူနိုင် သူကတော့ နံရိုးကျိုးပြီး အဆုတ်ကို ထောက်တယ်လို့ဆိုပါတယ်... အခြေအနေ ဆိုးပုံပေါ်ပါတယ်.. ဒါနဲ့ တမန်မနေ့က EC ကို ကျွန်တော်တို့ ဆေးကုရာမှာ ၀ိုင်းထောက်ကြဖို့ ပိုက်ဆံကောက်ရန် အကြံပေးပါတယ်.. EC လည်း ချက်ခြင်းလက်ငြင်းပါပဲ.. ဆောင်ရွက်ပေးပါတယ်.. မြန်မာ တွေမှာ ဒီလိုကူညီတတ်တဲ့ စိတ်ထားလေးရှိတယ်ဆိုတော့ ကျွန်တော် ပီတိတွေ ဆို့နေမိတာ အမှန်ပါပဲ..

မကြာပါဘူး.. မာစတာတန်းက မမကြီးတွေက ကျွန်တော်တို့ထက် လုပ်ဆောင်မှုပိုကြီးပါတယ်.. တစ်ခန်းပြီး တစ်ခန်းကိုလိုက်ကောက်သွားတာပါ.. ကျွန်တော်တို့က တစ်ခန်းထဲရယ်.. ဆရာမကိုလည်းပြောပြီးတော့ပေါ့..

နောက်.. ဆရာမတွေက ခေါင်မိုးပေါ်မစီကြဖို့ တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ပြောနေကြပါတယ်.. စီးခဲ့ရင် လက်မှတ် ထိုးရမယ်လို့ဆိုပါတယ်... မနေ့ကလည်း.. ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် ကားဂိတ်မှာ စောင့်ပြီး.. ကြီးကြပ်နေတာကို.. တွေ့ခဲ့ရပါသည်..။ သို့သော် ခေါင်မိုးပေါ်စီးတာကို ခုထိတွေ့နေရတုန်းပါ..။ နေရာမှမရှိတာ.. ဘယ်တတ်နိုင်မတုန်း..။

၈၂ ဂိတ် ကားတိုးဖို့ရန် အတွက်နှင့်တူသည်.. မာစတာတန်းမှ ကိုကိုကြီးများ တစ်ခန်းဝင် တစ်ခန်းထွက် လူစာရင်း လိုက်ကောက်နေသည်..။ Express ဆိုလျှင် ကျွန်တော် အတော့်ကို ၀မ်းသာမိမှာပါ..။

မိုးရာသီရောက်စပြုလာပြီဖြစ်၍ ၇၃ ဂိတ်တွင်လည်း.. Express (ရွှေမန်းမေ) ကားကြီးများ ၇ စီးထွက်ပေးသည်..။ မနေ့ကဆိုလျှင် ၈ စီးထင်သည်..။ တစ်စီးမှာ မန်းရွှေပြည်ဖြစ်သည်...။ ယနေ့ ၇ စီးထွက်ပေးသည်..။ ဒိုင်နာတွေ တော်တော်တော့နည်းသွားသည် ကိုတွေ့ရသည်..။

0 comments: