ပဲခူးသားနှင့် သခင်ကိုယ်တော်မှိုင်း
ဘာရယ်တော့မဟုတ်ပါဘူး ရယ်ချင်စဖွယ်လေးပါ.. ကျွန်တော်တို့ ကျောင်းသားသဘာဝ ငြင်းကြခုံကြ တာပေါ့.. အလဲ့ ပဲခူးကတစ်ယောက်ပါတယ်.. သူ့ကို စကြတယ် ကျွန်တော်တို့က
“ဟာ... ဟေ့ရောင် ပဲခူးသားနား မကပ်နဲ့..”
“ဘာလို့လဲ..”
“မင်းကလဲကွာ.. ကိုးတန်းတုန်းက မသင်ရဘူးလား .. ပဲခူးကကောင်တွေက ခိုးတတ်တယ်.. ”
ပဲခူးသား မျက်လုံးပြူးသွားသည်ထင့်..။
“ ဘာတဲ့..
သောက်စရာဇွန်းငဲ့ပြင်
ပဲခူးဘူတာမှာလေ
ငနဲသား သူခိုးတွေ မှုန်းလိုက်တဲ့
ပျောက်သဟာ ဒဂေါက်ဖာတစ်လုံးပါပဲ.. ဆိုလား ဘာဆိုလားကွာ.. ကြည့်ပါလား.. ဟေ့ရောင် ရာဇင်ဝင်နဲ့လာတာ.. ဟား.. ဟား.. ”
ကျန်သူငယ်ချင်းများပါ ၀ိုင်းရယ်ကြပါသည်...
ပဲခူးသားကတော့..
“ရီးထဲမှပဲ သခင်ကိုယ်တော်မှိုင်း.. သတို့ရန်ကုန် ခါးပိုက်နိုက် ပေါတာကျတော့ ထည့်မရေးဘူး.. သူ့ဒဂေါက်ဖာ အစုတ်ပလုတ်တုတ်ကလေး ဘူတာမှာပျောက်တာလေးနဲ့...” ဆိုပြီး သခင်ကိုယ်တော်မှိုင်းကို မကျေမချမ်း ဖြစ် နေရှာပါတယ်..
ဟ.. ဟ...။


0 comments:
Post a Comment