ဟောပြောပွဲ (၁)
ဒီနေ့ ကျောင်း(MBOA) ထဲမှာ ဟောပြောပွဲ တစ်ခုလုပ်ပါတယ်။ ဆရာကြီး ဦးကိုကိုကြီး လုပ်ပေးတာပါ။ ဟောပြာသူကတော့ နာမည်ရ စာရေးဆရာတစ်ဦးပါ။ ကျွန်တော် ၀င်တာနောက်ကျတော့ မသိလိုက်ပါဘူး။ ကာတွန်းဆရာ အော်ပီကျယ်ရဲ့ အစ်ကိုမှန်းတော့ သိလိုက်ပါတယ်။ ထပ်သိရတာက ဆရာအော်ပီကျယ်က အင်ဂျီနီယာနဲ့ ဘွဲ့ရတယ်။ ဟားဗတ်တက္ကသိုလ်ကလည်း ဘွဲ့ရထားတယ်လို့ ဆိုပါတယ်။ ရထားတဲ့ဘွဲ့တွေကို မသုံးပဲ ၀ါသနာပါရာ ကားတွန်းကို ဆွဲနေတာကိုလည်း ထပ်မံသိခဲ့ရပါတယ်။ အခုဟောပြောတဲ့ ဆရာကတော့ ဘူမိဘေဓ နဲ့ဘွဲ့ရပြီး အရာရှိငယ်ဘ၀ကနေ စာရေးတဲ့ဘ၀ကို ရောက်လာတဲ့အကြောင်း သူ့ဘ၀ နဲ့ နိုင်းယှဉ်ပြီး ဟောပြောသွားတာပါ။ ကျွန်တော် အတော့်ကို ဟောပြောတဲ့ထဲမှာ စိတ်ပါသွားမိတာပါပဲ။
ကျွန်တော် မှတ်မိတဲ့ စကားတွေကို ပြန်ပြောလိုက်ပါရစေ။
“တစ်ခါတစ်လေ လူက ကျရှုံးသွားခြင်းဟာ တိုးတက်ဖို့အတွက် အားတစ်ခုဖြစ်လာတတ်တယ်။ အဲ မင်းတို့ ပြောနေကျသလိုပေါ့ ရှေ့ နှစ်လှမ်း တိုးဖို့အတွက် နောက်တစ်လှမ်း ဆုတ်တယ် ဆိုတာမျိုးပေါ့။”
“အသက်ကြီးလာရင် ရွေးချယ်စရာလမ်းက နည်းလေးပဲ။ မင်းတို့ ငယ်ငယ်ရွယ်ရွယ် အရွယ်တွေက ရွေးချယ်စရာ လမ်းတွေအများကြီးပဲ။ တစ်ခုမကြိုက်ရင် နောက်တစ်ခု လုပ်လို့ရတယ်။ ဆရာတို့လို အသက်ကြီး သွားတဲ့သူတွေက ရွေးချယ်စရာလမ်း သိပ်မရှိတော့ဘူး။ ရွေးခဲ့မယ်ဆိုရင်လဲ အချိန်ကုန်သွားတာပဲဖြစ်မယ်။ အဲ့တော့ လက်ရှိလုပ်နေတဲ့ အလုပ်မှာ အတော်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်ရတယ်။”
ဟီး ဘယ်ရောက်ကုန်လဲသိဘူး ရေးလိုက်တော့။ :D ခဏနော် နောက်နေ့ပြန်တင်ပေးမယ်..။ အားနာပါရဲ့..။


0 comments:
Post a Comment