Tuesday, May 29, 2007

Start Button ကို နာမည်ချိန်းမယ်

ကိုမိုးပြာ ဆီကရခဲ့တဲ့ နည်းလေးတစ်ခုပေါ့.. Start Button ကို ကိုယ်ကြိုက်တဲ့နာမည်ပေးနိုင်ပါတယ်.. စကြပါစို့

  1. ပထမဦးဆုံး Resource Hacker ကို ဒီမှာဒေါင်းလော့လုပ်ပါ..

  2. start -> run -> "c:\windows" ဆိုပြီးရိုက်ပြီး "windows" အောက်က "explorer" ဟူသော ဖိုင်ကို လုံခြုံသော တစ်နေရာတွင် copy ကူးပြီး paste လုပ်ထားခြင်းဖြင့် backup လုပ်ထားပါ..။

  3. start -> run -> "regedit" ဟု ဆက်ရိုက်ပြီး "registry" တွေကိုလည်း "backup" ဆက်လုပ်ထားပါ.။

  4. ကဲ ဒေါင်းလော့လဲ ပြီးလောက်ပါပြီ..။ download လုပ်ထားတာကို ဖြေချလိုက်ပါ..။ resourceHacker ကိုဖွင့်လိုက်ပါ..။ file -> open -> "c:\windows" အောက်က "explorer" ကိုဖွင့်လိုက်ပါ..။

  5. string Table -> 37 -> 1033 ကိုသွားပါ..။ "start" ဆိုသော နေရာတွင် ပေးချင်တဲ့နာမည် ပေးလိုက်ပါ..။ ကျွန်တော်တော့ "KhunMK" လို့ပေးလိုက်ပါပြီ..။ ပြီးရင် "Compile Script" ကိုနှိပ်ပါ..။

  6. 37" အပေါ်က "34 -> 1033" ကိုဆက်သွားပါ..။ "Click Here to begin" ဆိုသောနေရာတွင် ကြိုက်ရာဆက်ပေးပါဦး..။ ကျွန်တော်တော့ "Create by Khun Moe Kyaw" ဟု သူများကို ကြွားရန် အတွက်ရေးလိုက်ပါပြီ..။ ပြီးရင် "Compile Script" ကိုဆက်နှိပ်ဦး..။

  7. file -> Save As -> "c:\windows" အောက်မှာပဲ "newsbutton.exe" လို့ သိမ်းလိုက်ပါ..။

  8. start -> run -> "regedit" ဟု registry ကို အောက်ပါလမ်းကြောင်းအတိုင်း ဆက်သွားပါ..
    HKEY_LOCAL_MACHINE/Software/Microsoft/WindowNT/Current Version/WinLogon

  9. "shell" ကို "double" ကစ်လစ်ပေးပြီး.. "explorer.exe" ဆိုသောနေရာတွင် "newsbutton.exe" လို့ပြောင်းရိုက်ထည့်ပေးလိုက်ပါ..။

  10. စက်ကို Restart ပေးလိုက်ပါ...။ ပြန်တက်လာရင် ဒီအတိုင်းတွေ့ရလိမ့်မယ်....။

စိတ်ဓါတ်ကျတဲ့နေ့

ပို့စ်တွေလဲ မတင်ဖြစ်တော့ဘူး ဒီလိုပါပဲ... ကိုယ့်အခြေအနေ အမျိုးမျိုးကြောင့်ပေါ့.. ဘလော့ကို ပြင်ဖို့အတွက်လဲ အချိန်ရှာရအုံးမယ်.. သူငယ်ချင်းတစ်ယောက်ကလဲ ကျွန်တော့်ကို အပြစ်တင်တယ်.. “ မင်းက ပြောလိုက်ရင် အချိန်မရှိဘူး.. အချိန်မရှိဘူးနဲ့ လူကြီးကျနေတာပဲကွာ.. ” နောက်တစ်ယောက်ကလည်း ပြောပါတယ်.. “ မင်းကွာ လူငယ်တစ်ယောက်ပဲ ကျောင်းဖွင့်လို့ ပုဆိုးဝတ်တယ်ဆိုတော်သေးတယ်.. ကျောင်းပိတ်လည်း အမြဲပုဆိုးကြီးနဲ့ပဲ လူကြီးကျနေတာပဲ..”တဲ့.. Customer တွေအများစုကလည်း ကျွန်တော့်ကို ခေါ်ကြပါတယ်.. “အစ်ကို.. ဒါလေးကဘယ်လိုလုပ်ရလဲ..”တဲ့ ဘာညာပေါ့ဗျာ..

အင်း.. ကျွန်တော် ကိုယ့်ဘာသာကို ပြန်စဉ်းစားမိတယ်.. ငါတောင်မှ ဘာလိုလိုညာလိုလိုနဲ့ အစ်ကိုကြီးနေရာတွေ ဘာတွေရပြီး လူကြီးတောင်ဖြစ်နေပါပေါ့လား... ထမင်းစားရင်း သေဖို့ရက်ကို စောင့်နေတဲ့ ကျွန်တော် ကျောင်းထဲမှာ ကျန်သေးတဲ့ ကျောင်းသားလေးတွေအတွက် ကျောင်းအတွက် ဘုန်းကြီးအတွက် ကျွန်တော့်အတွက် ကျေးဇူးရှိတဲ့လူတွေအတွက် ဘာတွေ ထူးထူးခြားခြား ပြန်လုပ်နိုင်ပြီလဲ.. ဘာမှမရှိ ဗလာနတ္ထိ...

မင်းဘယ်သူလဲ.. ဘာကောင်လဲ အခွံ (မှတ်ချက် ။ ။ ကျွန်တော့် Nick Name မှာ အခွံဖြစ်ပါသည်..။ KhunZero ဟု မဖြစ်မြောက်ပဲ အခွံဟုသာ သူငယ်ချင်းများက ခေါ်ကြသည်..။) အင်း... ငါ့စိတ်ဓါတ်တွေ အခုတစ်လော ကျနေပါလား.. သေချင်နေမိတယ်.. မစီးဖြစ်တော့တဲ့ ဒိုင်နာခေါင်မိုးပေါ်လည်း သွားစီးတယ်.. ခေါမိုးတောင် ရိုးရိုးမဟုတ် ကားဆရာမောင်းတဲ့ခေါင်းပေါ်ကို တမင်သတ်သတ် ကိုတက်စီးပစ်လိုက်သည်..။ မောက်စမ်းကွာ.. ငါတစ်ယောက်ထည်းသေမယ်..။ ဟာ..... မဖြစ်သေးပါဘူး.. ဒီကောင် အခွံ ဂေါက်နေပြီထင်တယ်.. သူငယ်ချင်းတစ်ယောက်က မျက်မှောင်လေး ကျုံ့ပြီး မှတ်ချက်ပေးသည်..။

ဟာ.. ဘာလဲကွာ.. မသိဘူး.. ဘာမှလာပြောမနေနဲ့... သွား....... ငါ့နားလေး တစ်ယောက်မှမနေနဲ့.. အကုန်ထွက်သွား...... မင်းတို့မသွားရင်.. ငါသွားမယ်...... ကျွန်တော်တစ်ယာက်ထည်း တမာပင်အောက် ထွက်ခဲ့သည်..။ တမာပင်အောက်ရောက်တော့.. လေလေးကဖြူးဖြူးနှင့် နေ၍ကောင်းသည်..။ လယ်သမားများ လယ်ထွန်နေကြသည်..။ ကျွန်တော်ထိုင်ကြည့်နေမိသည်..။ မည်မျှပင်ကြာသွားသည်မသိ.. အခန်းထဲပြန်ရောက်ချိန်မှာတော့ စာသင်ချိန်တစ်ဝက်လောက် ရောက်နေပြီ...။

အားလုံးက ကျွန်တော့်ကို ၀ိုင်းကြည့်ကြသည်..။ ခေါင်းလေးငုံ့ကာ ခုံလွတ်တစ်လုံးထဲ တစ်ယောက်ထဲဝင်ထိုင်ကာ ထိုနေ့ကိုကျွန်တော် ဖြတ်သန်းလိုက်သည်.... ဟူး........ ငါ့စိတ်တွေဘာဖြစ်နေတာလဲ.. ကျွန်တော် ဂေါက်နေပြီလားဟင်... ?????

Wednesday, May 23, 2007

ဖြေချိန် ၁၆ စက္ကန့်နဲ့ ဉာဏ်စမ်းတစ်ပုဒ်

ကျွန်တော် သဘောကျမိတဲ့ ဉာဏ်စမ်းပုစ္ဆာပါ.. သူငယ်ချင်းဖြစ်သူ ကျော်ရဲအောင်က မေးတာပေါ့.. စဉ်းစားချိန် ၁၆ စက္ကန့်ပါ.. ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး.. သိတော့ သိသွားပါတယ်.. ၁ မိနစ်လောက်ကြာမှ.. :D စာဖတ်သူ လည်းဖြေကြည့်ပါ...။

ရေကန်ထဲမှာ ကြာပွင့်တစ်ပွင့်ရှိတယ်တဲ့..။
သူက တစ်ရက်ကို နှစ်ဆကြီးကြီးလာတယ်..။
အဲ.. ၂၁ ရက်နေ့လည်းရောက်ရော... ရေကန်ကြီးကိုဖုံး သွားပါရော..။
ဒါဆိုရင်.. ဘယ်နှစ်ရက်နေ့မှာ ကြာပွင့်ကြီးက ရေကန်ရဲ့တစ်ဝက်ကို ဖုံးမလဲတဲ့...။

စဉ်းစားချိန် ၁၆ စက္ကန့်နော်..။
ကျွန်တော်တော့ မရခဲ့ဘူး.. ၁၆ စက္ကန့်အတွင်း..။

Reply ပြန်မလုပ်နိုင်ခြင်း အကြောင်း

ပို့အသစ်တွေလာမတင်နိုင်တော့ဘူး အရင်တစ်ပါတ်က.. တစ်ကယ်ပါ.. စာနည်းနည်း ကြည့်ဖြစ်သွား တာရယ်.. မအားတာတွေရယ်ကြောင့်ပါ.. အားလုံးကို ဒီကနေပဲ Reply လုပ်ပါတော့မယ်.. :D

လွယ်အိတ်ပြန်ရပါတယ်.. လာလည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပါခင်ဗျာ့... စာနည်းနည်း ကြည့်ဖြစ်ပါတယ်.. Physics တွေမရဘူး.. ဆရာမတစ်ယောက်ရဲ့ ကူညီမှုကြောင့် လက်ရှိမှာ ပြန်ကြည့်နေရတုံး ပါ..

နောက်တစ်ပါတ် နှစ်ပါတ်လောက် ကျွန်တော် ပို့အသစ်တင်ဖြစ်မည်မထင်ပါ.. အားလုံး ကျွန်တော့် ကို ခွင့်လွတ်ပါ.. intranet ကို အဲလေ ယောင်လို့ internet ကို e-mail စစ်တာနဲ့ နိုင်ငံခြားရောက် ဆရာတစ်ယောက်နဲ့ ဆက်သွယ်ဖို့ chatting လောက်ပဲ သုံးဖြစ်မယ်ထင်ပါသည်..

စကားမစပ် ကျောင်းမှာသင်ရတဲ့အတိုင်းဆိုရင် ကျွန်တော် စဉ်းစားမိတယ်.. မြန်မာနိုင်ငံမှာသုံးနေရတာတွေက အကုန်လုံး intranet အဆင့်ပဲရှိပါတယ်တဲ့.. internet အဆင့်မဟုတ်ဘူးပေါ့.. အင်းလေ.. ဘယ်သူမှ ISP ကိုကျော်မယူနိုင်ကြသေးတာ.... :(

Friday, May 18, 2007

တွေးမိတွေးရာ

ဒီဂနေ့ကျောင်းပိတ်ပါသည်.. ဘာလုပ်ရမည်နည်း.. အရင်တစ်ပါတ်က အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ကျောင်း ၄ ရက်ပျက်ထားသည်.. တစ်ရက်တောင်မှ နံပါတ် ၁ ချိန်ကိုမမီ ၃ ချိန်သာတက်ရသည်..။ ထိုတစ်ချိန်ကို မနက်စောစော ကားပေါ်တွင် လွယ်အိပ်ထားခဲ့ပြီးကာမှ ဆိုင်တံခါးမပိတ်ရသေးသည် ကိုသတိရ၍ ပြန်ပြေးပိတ်သည်..။ အစောကြီးရှိပါသေးသည်ဆိုပြီး.. ထိုင်ခုံပေါ်တွင် ငုတ်တုတ်လေး ထိုင်ကာ ၆ ခွဲအချိန်ကို စောင့်နေလိုက်သည်..။ ကျွန်တော် မျက်လုံးပြန်ဖွင့်တော့ ခုနှစ်နာရီ ဆယ်မိနစ်.. “..ဟိုက် သေပဟ.. လွယ်အိပ်ပါသွားပြီ...” ကျောင်းကားပေါ်လွယ်အိပ်ပါသွားပြီ.. လူတော့ကျောင်းမရောက်.. လွယ်အိပ်တော့ရောက်သွားပြီ.. ကားတွေကို အလောတကြီး ပြေးကြည့်မိလိုက် သေးသည်.။ သို့သော် မရှိတော့ ပါ..။

လိုင်းကားတွေနဲ့သွားမယ်ကွာဆိုပြီး.. ပြတိုက်ထိကို ကျွန်တော် ၇၃ မိန်းလမ်းမှ .. ပြတိုက်ထိ ကျွန်တော် ခြေတင်သုတ်ရသည်..။ စက်ဘီးလည်းမရှိ..။ ပြတိုက်ရောက်တော့ ၈ နာရီထိုးနေပြီ...။ ထို့နောက် ညောင်ပင်ကြီးအထိ တစ်ခါစီး ၄၀၀ တန်သော ကျောက်ဆည်လိုင်းကားနှင့် လိုက်ရသည်..။ ညောင်ပင်ကြီးရောက်တော့.. ကျောင်းထဲထိရောက်သော လိုင်းကားမရှိတော့.. လျောက်ရအုံးမည်.. ၂ မိုင်ခွဲလောက်..။ ကံကောင်းချင်တော့ ကျောင်းဂိတ်ရောက်ခါနီး... ထော်လာဂျီတစ်စီး၏ ကူညီဖေးမမှုကြောင့် ထော်လာဂျီထဲ ပုန်းကာ ဂိတ်ကို ဖြတ်ခဲ့သည်.။

ဘယ်ရောက်သွားပြီလဲမသိဘူး.. အော်.. ဒီနေ့ကျောင်းပိတ်သည်။.. ဘာလုပ်ရမည်နည်း...။ ဘာလုပ်ရမည်နည်း..။ ဆေးခွင့် တင်ရမည်..။ အရင်တစ်ပါတ်က ပျက်ထားတာတွေကို ဆေးခွင့်တင်ရင်.. ပျက်ထားတာတွေ ပျောက်ကုန်မယ်..။ ၇၅ ရာခိုင်နှုန်းလည်း.. မပြည့်ရင်စာမေးပွဲဖြေခွင့် မရှိဘူးမဟုတ်လော..။

ပိုက်ဆံအိတ်ကို လှန်ကြည့်မိသည်.. သို့သော်.. ဒီလအတွက် ပိုက်ဆံ ၃၀၀၀ နဲ့ ဘတ်ထရီတစ်လုံးပဲကျန်တော့သည်..။ မဖြစ်ချေဘူး.. တင်လို့ရင်.. ၂၀၀၀ , ဒီလကျောင်းတွေ ဆက်တိုက်ပျက်သွားနိုင်တယ်..။... ဘာလုပ်ရမှာလဲ.. စာကျက်ရမယ်....။ စာသွားကျက်မယ်..။.. ကျွန်တော်စာကျက်မှ ရမယ်...။ မဟုတ်ရင်.. 1st Year တင်ကျသွားနိုင်တယ်..။ အခု.. စနေတနင်္ဂနွေကို 1st Term ကစာတွေပြန်ကျက်ရမယ်..။

Thursday, May 17, 2007

မေးခွန်းတွေရဲ့ လျှိုက်ဝက်ချက်

အဟမ်း.. အခုဆိုရင် ကျွန်တော် အောက်က ပိုစ့်တွေမှာ မေးခဲ့တဲ့ သချာင်္မေးခွန်းလေးတွေရဲ့ အဖြေပြောပုံကို ပြောပါတော့မယ်ခင်ဗျား...
“ဝေး.. ဟေး.. ဟေး.. ... ရှီုး..... ဖြောင်း.. ဖြောင်း.. ဖြောင်း. ” “ပြောပါတော့ဗျို့.. ” (ပရိတ်သတ်များ တောင်းဆိုသံ.. စာဖတ်သူလည်း လက်ခံမည်ထင်ပါသည်.. ..)
တကယ်က
---> ဘော်လုံးပွဲ ပုစ္ဆာမှာ - ကိုယ်သူ့ကို ပေးလိုက်တဲ့ ပိုက်ဆံရဲ့ တစ်ဝက် ဟာ အဖြေပါပဲခင်ဗျာ့ , 20 ပေးတော့ 10 ကျန်တယ်.., 10 ပေးတော့ 5 ကျပ်ကျန်ပါတယ်... .. ။

---> ခဲလုံးပုစ္ဆာမှာ 3 လုံးပေးတော့ အလယ်ပုံ 6 လုံးကျန်တယ်.. , 2 လုံးပေးတော့ 4 လုံး , ကိုယ်ပို့ခိုင်းလိုက်တဲ့ ခဲလုံးရဲ့ နှစ်ဆ ဟာ အဖြေပါပဲခင်ဗျား..။

ကဲ သူငယ်ချင်းတွေကို စိတ်ထဲဖေါက်မြင်သလိုလို ဘာလိုလို လုပ်ပြီး မေးခွန်းလေးမေးကာ ဆရာကြီးလုပ်လိုက် ကြပါအုံးခင်ဗျား..

ဒါတွေကိုလည်း သတိရကြပါ

သူများတွေ တင်ကြတယ်. အချစ်ကဗျာတွေ .. တရားနဲ့ပက်သက်တာတွေ ရေးကြတင်ကြတယ်..

ဂနေ့ တော့မဟုတ်ပါဘူး.. အရင်တစ်ပါတ်က ကုသိုလ်ရှင်တစ်ချို့က ကျောင်းထဲက ကျောင်းသားလေးတွေကို ကိုရင်ဝတ်ပေးတာကို ဒီနေ့ အမှတ်ရမိပါတယ်.. ဒါနဲ့ ကျွန်တော် ဆက်ပြီး အမှတ်ရမိတာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကိုရင်ဝတ်ရင် ဆံချချိန်မှာ ဆိုခဲ့ရတဲ့ လင်္ကာလေးကို သတိရမိတာပါ...

“ငါ၏ကိုယ်မှာ နံ့သာမွေးကြိုင်
မြဲခိုင်လှစွာ ကောင်းရာမမြင်
ဆံပင်သာရှိ အမွှေးရှိ၍
ရှိသည့်လက်သည်း ခြေအသည်းနှင့်
သွားလည်းတစ်ထွေ အရည်တစ်မျိုး
ညှီနံ့ဆိုးသည် အသိုးအပုတ်ချည်းပါတကား ...”

သံဝေဂ လင်္ကာလေး သတိရကြပါအုံး တစ်ခါတစ်လေပေါ့..

Wednesday, May 16, 2007

လေး နဲ့ သုံးနဲ့ညီတယ်, ၀ နဲ့ ၁ နဲ့ ညီမယ်

သချာင်္ဝါသနာ ပါတယ်ဆိုတော့ ပြောလေ ကဲလေ လုပ်လိုက်ပါအုံးမယ်.. တစ်ကယ်တော့ ဒီပုစ္ဆာနှစ်ပုဒ် က အဓိပ္ပါယ်မရှိပါဘူး သေချာကြည့်ကြည့်ပေါ့..

ကျွန်တော့်သူငယ်ချင်း ကျော်ရဲအောင်ဆိုသူက ဟိုဖက်တည်း ကုန်းကုန်းနဲ့ ဘာလုပ်နေလဲ မသိပါဘူး ပြီးမှ ကျွန်တော့်ဖက်လှည့်ပြီး ကျွန်တော့်ပြောပါတယ်...
“ ဟေ့ရောင်. သုံညနဲ့ တစ်နဲ့ ညီလို့ရတယ်တဲ့.. ”
ဟမ်.. ဖြစ်နိုင်ပါ့မလား..
“ လုပ်စမ်းပါဦး.. တွက်ပြ.. ”
“ ကြည့်နေ.. ” ဆိုပြီး ဆရာကြီး ဂိုက်ဟမ်ဖြင့် ...
(Sorry ။ ။ အောက်က 2 အပြာရောင်တွေက နှစ်ထပ်ကိန်းတွေနော်.. အပေါ်တင်မရလို့ပါ.. (super)(/super) ဆိုပြီး ရိုက်တာ ရိုက်မရလို့..)

100 - 100 = 102 - 102
10 (10 - 10) = (10 + 10) (10 - 10)
10 = (10 + 10)
10 = 20
1 = 2

နောက်တစ်ပုဒ်က.. ဟိုဟို ဒီဒီ ဖတ်ရင်း ဖတ်ရင်းနဲ့ တွေ့မိတဲ့ ပုစ္ဆာပါ.. ၄ နဲ့ ၃ နဲ့ညီတယ်ဆိုတာ..

a + b = c
4a - 3a + 4b - 3b = 4c - 3c
4a + 4b - 4c = 3a + 3b - 3c
4 (a + b + c) = 3 (a + b - c)
4 = 3

တစ်ကယ်တော့ Funny တွေပါ.. 0 = 1 မှာ တစ်ဖက်ချင်းစီရှင်းရင် ဘယ်လိုမှမဖြစ်နိုင်ပါ.. အားနည်းချက်ကို သိမှာပါ..

နောက် 4 = 3 က တစ်ဖက်ချင်းစီရှင်းလဲ တူတူပါပဲ.. ဒါပေမဲ့သူက a ရယ် b ရယ်ပေါင်းမှ c နဲ့ညီတဲ့ အချိန်မှပါ.. a တစ်လုံး b တစ်လုံးထဲစီနဲ့ ဘယ်လိုမှ c နဲ့မညီနိုင်ပါ.. သူငယ်ချင်းတွေကို စလို့ရတာပေါ့.. အဲဒါကြောင့်ပြောတာ.. Funny တွေပါလို့..

Monday, May 14, 2007

ပြုံးချင်နေဆဲသော ကဗျာတစ်ပုဒ်

ခေါင်းစဉ်မရှိ
သူများတွေက ကဗျာတွေရေးနေကြတယ်.. ကျွန်တော်အခုထိ ကဗျာကောင်းကောင်းတစ်ပုဒ် မရေးနိုင် သေးပါဘူး.. တင်လိုက်ပါရစေ...

“ချစ်သူက ငြုပ်ဆုံ..
ကျဉ်ပွေ့အုံကိုယ်ဆိုပါစို့
အထဲမှာ ညက်ညက်ကြေအောင်
အဲ..... ထောင်းပါ့မယ်လေး...”

ခဲလုံးပုစ္ဆာ

ခဲလုံးပုစ္ဆာ


ခဲလုံးပုစ္ဆာ ဆက်မယ်... ဟဲ.. ဟဲ...

ခဲလုံးတွေကို သုံးပုံအညီအမျှပုံစေဗျာ.. ညာ အလယ် ဘယ် ရယ်ပေါ့.. ညာက သုံးလုံးဆို အလယ ရယ် ဘယ် ရယ်က သုံးလုံးစီဖြစ်ရမယ်နော်..

ညာဖက်က အပုံထဲက ခဲလုံး ၄ လုံးကို အလယ်ပုံထဲ ထည့်စေဗျာ...

နောက်ပြီး.. အဲညာဖက်ကကျန်သလောက် (ဥပမာ ၂ လုံးကျန်တယ်ဆိုရင်) အလယ်ပုံကနေ ဘယ်ဖက်ဆုံးကို ထည့်လိုက်ဗျာ (အလယ်ကနေ ဘယ်ကို ၂ လုံးထည့်မယ်..)...

ပြီးပြီလား..

ဒါဆိုပြီ.. အလယ်ပုံမှာ သယ်ရင်း ခဲလုံး ၈(ရှစ်လုံး) လုံးရှိပါမယ် ခင်ဗျား.. ဟုတ်တယ်မရား..

ကဲ လျှို့ဝှက်ချက်ကို ရိပ်မိလောက်ပါပြီ.. မမိလဲ.. မကြာမီလာမည် မျှော်.. :D

သချာင်္ပြန်စမယ်

သချာင်္ပြန်စမယ်


သချာင်္ပြန်စမယ် ဆိုတော့.. မေးခွန်းအရင်ပြန်မေးရမယ်..

ကဲ.. ကြိုက်တဲ့ကောင်ဆီက ပိုက်ဆံချေးပေတော့ ဟဲ.. ဟဲ.. ချေးပြီးပြီလား.. ကြိုက်သလောက်ချေးနော်...

အဲပိုက်ဆံကို ဘော်လုံးပွဲ Body သွားလောင်းဗျာ.. မောင်းမလောင်းနဲ့နော်.. :D နိုင်လာပြီ.. ၂ ဆရလာပြီ ပိုက်ဆံ နှစ်ဆရသွားတယ်..

ဒီတစ်ခါ ကျွန်တော် ၁၀ ကျပ်ပေးမယ်.. ပေါင်းထည့်လိုက်.. ခုနက နှစ်ဆဖြစ်သွားတဲ့ ပိုက်ဆံနဲ့ ကျွန်တော် ပေးတဲ့ ၁၀ ကျပ်နဲ့ပေါင်းလိုက်..

ပေါင်းပြီးပြီလား.. အင်းပြီးပြီဆိုရင်...

တစ်ဝက်ခွဲလိုက် အဲ့ပိုက်ဆံတွေကို.. ပြီးရင် တစ်ဝက်ကို ကုသိုလ်ရအောင် ဘုရားမှာလှူ.. (နောက်ဘ၀တွေမှာလည်း ဒီလိုပဲ ဘော်လုံးပွဲ လောင်းကြေးတွေနိုင်အောင်ပေါ့.. )

အဲ့တော့ ပိုက်ဆံက အခုစာဖတ်သူလက်ထဲမှာ တစ်ဝက်ပဲကျန်တော့တယ်နော်.. အဲဒါကို ခုနက ချေးထားတဲ့ အကြွေးပြန်ဆပ်လိုက်ဗျာ...

အခု စာဖတ်သူထဲမှာ ပိုက်ဆံ ငါးကျပ်ကျန်ပါသေးတယ်... ကဲ.. ငါ့ပေးမလား မပေးဘူးလား.. အဲ့ငါးကျပ်.. ဟား.. ဟား..

Diskeeper 2007 အတွက် နောက်ထပ်လင့်

Diskeeper 2007 အတွက် နောက်ထပ်လင့်


Diskeeper 2007 Pro ကို ဒေါင်းလော့လုပ်မရသူတွေအတွက် နောက်ထပ်လင့်တွေပါ.. မရရင်ပြောကြပါ.. လင့်တွေဆက်ပေးပါ့မယ်..


ဒီ download လုပ်တဲ့လင့်တွေက ဒေါင်းလော့လုပ်တာတွေ တစ်ခါထည်းတက်မလာပါဘူး.. တစ်ခြားဟာနဲ့မတူဘူးဆိုပါတော့ Free File Host တွေဆိုတော့လေ..


အဲ.. Rapidshare ကနေလုပ်မယ်ဆိုရင် ပထမတစ်ခု ဘာပဲဖြစ်ဖြစ်ရသွားတယ်ဆိုရင် နောက်တစ်ရက်စောင့်ပေတော့.. အကောင့်ရှိတယ်ဆိုရင် တော့ တစ်မျိုးပေါ့


Megaupload ကနေလုပ်မယ်ဆိုရင် ဒီလို..
၁ ။ ပထမလင့်ကိုဝင်သွားလိုက်တယ်..
၂ ။ အပေါ်နားလေးမှာ စာကြောင်းလေး သူက စာလေး သုံးလုံးထဲ .. ဘေးက Box လေးနဲ့
၃ ။ အဲထဲကစာကိုရိုက်ပြီး download ကို Click လိုက်ပါ
၎ ။ second သုံးဆယ်စောင့်လိုက်ပါ.. သူရေတွက်ပြနေပါလိမ့်မယ်..
၅ ။ ပြီးရင် Click here to download ကိုကလစ်လိုက်ပါတော့


Rapidshare ဆိုရင်
၁ ။ ၀င်သွားလိုက်တယ်..
၂ ။ Free ဆိုတဲ့ link ကိုဝင်တယ်..
၃ ။ 0.8 , 0.7, 0.6 ........... ဆိုပြီး ရေပြတယ်..
၎ ။ စာလုံးလေး လေးလုံးကို ရိုက်ခိုင်းတယ်..
၅ ။ ပြီးရင် ဒေါင်းလော့လုပ်လိုက်ပါတော့..။

Sunday, May 13, 2007

Defragment လုပ်မယ်ဆိုရင် Diskeeper 2007 Pro

Diskeeper 2007 Pro

ကွန်ပျူတာထဲက ဖိုင်တွေပြန်စီဖို့ Defragment လုပ်ကြပါတယ်.. Window ထဲမှာပါပြီးသားပါ.. Diskeeper 2007 ကသူ့ထက် Defragment လုပ်နိုင်မှု ပိုတယ်လို့ပဲပြောရမလား.. ကွန်ပျူတာရဲ့ မြန်နှုန်းကိုလည်း သိသိသာသာ တက်လာတယ်လို့လည်း ဆိုကြပါတယ်.. စမ်းသုံးကြည့်ပါ.. တကယ်လည်းကောင်းပါတယ်. တကယ်လည်းကောင်းပါတယ်ဆိုတာ.. Window Welcome Screen တက်တာဟာ အရင်လိုမကြာတော့ပါဘူး.. ကျွန်တော်သိသာတာကိုပြောတာနော်..

အမျိုးအစားတွေက များပါတယ်.. home ရှိမယ်.. Professonial ရှိမယ်.. Server ,,,,, ဟာ ကျန်သေးတယ်ဗျာ. :D

ဒီမှာဒေါင်းလော့လုပ်ပါ.. Professonial Version တွေပါ..

Friday, May 11, 2007

ကားမှောက်ခြင်း၏ နောက်ဆက်တွဲ

ကားမှောက်ခြင်း၏ နောက်ဆက်တွဲ


ကားမှောက်ခြင်း၏ နောက်ဆက်တွဲ စိတ်မချမ်းမြေ့ဖွယ်သတင်းကတော့ ကျွန်တော်တို့အတန်းထဲက နှစ်ယောက် ပါသွားပါတယ်.. အဆိုးဆုံးနှစ်ယောက်လဲဖြစ်ပါတယ်..

ကျွန်တော်ထင်တဲ့ ကိုမျိုးကျော့က သိပ်မဆိုးပါဘူး.. နောက်တစ်ယောက်ထက်စာရင်ပေါ့လေ.. နောက်တစ် ယောက်က ကျော်သူနိုင် သူကတော့ နံရိုးကျိုးပြီး အဆုတ်ကို ထောက်တယ်လို့ဆိုပါတယ်... အခြေအနေ ဆိုးပုံပေါ်ပါတယ်.. ဒါနဲ့ တမန်မနေ့က EC ကို ကျွန်တော်တို့ ဆေးကုရာမှာ ၀ိုင်းထောက်ကြဖို့ ပိုက်ဆံကောက်ရန် အကြံပေးပါတယ်.. EC လည်း ချက်ခြင်းလက်ငြင်းပါပဲ.. ဆောင်ရွက်ပေးပါတယ်.. မြန်မာ တွေမှာ ဒီလိုကူညီတတ်တဲ့ စိတ်ထားလေးရှိတယ်ဆိုတော့ ကျွန်တော် ပီတိတွေ ဆို့နေမိတာ အမှန်ပါပဲ..

မကြာပါဘူး.. မာစတာတန်းက မမကြီးတွေက ကျွန်တော်တို့ထက် လုပ်ဆောင်မှုပိုကြီးပါတယ်.. တစ်ခန်းပြီး တစ်ခန်းကိုလိုက်ကောက်သွားတာပါ.. ကျွန်တော်တို့က တစ်ခန်းထဲရယ်.. ဆရာမကိုလည်းပြောပြီးတော့ပေါ့..

နောက်.. ဆရာမတွေက ခေါင်မိုးပေါ်မစီကြဖို့ တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ပြောနေကြပါတယ်.. စီးခဲ့ရင် လက်မှတ် ထိုးရမယ်လို့ဆိုပါတယ်... မနေ့ကလည်း.. ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် ကားဂိတ်မှာ စောင့်ပြီး.. ကြီးကြပ်နေတာကို.. တွေ့ခဲ့ရပါသည်..။ သို့သော် ခေါင်မိုးပေါ်စီးတာကို ခုထိတွေ့နေရတုန်းပါ..။ နေရာမှမရှိတာ.. ဘယ်တတ်နိုင်မတုန်း..။

၈၂ ဂိတ် ကားတိုးဖို့ရန် အတွက်နှင့်တူသည်.. မာစတာတန်းမှ ကိုကိုကြီးများ တစ်ခန်းဝင် တစ်ခန်းထွက် လူစာရင်း လိုက်ကောက်နေသည်..။ Express ဆိုလျှင် ကျွန်တော် အတော့်ကို ၀မ်းသာမိမှာပါ..။

မိုးရာသီရောက်စပြုလာပြီဖြစ်၍ ၇၃ ဂိတ်တွင်လည်း.. Express (ရွှေမန်းမေ) ကားကြီးများ ၇ စီးထွက်ပေးသည်..။ မနေ့ကဆိုလျှင် ၈ စီးထင်သည်..။ တစ်စီးမှာ မန်းရွှေပြည်ဖြစ်သည်...။ ယနေ့ ၇ စီးထွက်ပေးသည်..။ ဒိုင်နာတွေ တော်တော်တော့နည်းသွားသည် ကိုတွေ့ရသည်..။

သချာင်္တွေနဲ့ ပျော်ကြမယ်

ပျော်စရာ သချာင်္တစ်ချို့


သချာင်္တွေနဲ့ ပျော်ကြမယ်.. ဆိုတော့ အလကားပါ.. ကျောင်းက သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် သချာင်္မေးခွန်းတွေ မေးရင်း ပျော်နေကြတာတွေ့တော့ ငယ်ငယ်ကဆော့ခဲ့ တာလေးတွေကို သွားအမှတ်ရ လိုက်လို့ပါ..

နှစ်ထပ်ကိန်းရှာတာတွေကနေ.. စမယ်နော်.. ဒီ Equation ကိုသိမှာပေါ့.. 2 အပြာရောင်တွေက နှစ်ထပ်ကိန်းတွေပါ.. (super)(/super)ဆိုပြီး ရိုက်တာ ရိုက်မရလို့.. :D

a2 - b2 = (a + b) (a - b)

အဲ့ကနေ Equation တစ်ခုထပ်ထုတ်လိုက်မယ်.. ဂလို -
a2 = (a + b) (a - b) + b2 <------ ပုံသေနည်း

- b2 ကိုဟိုဖက်ပို့လိုက်တော့ အပေါင်း ( + b2 ) နော်.. ကဲ နှစ်ထပ်ကိန်းစရှာမယ်.. 28 ကိုရှာမယ်ဆိုပါစို့

ပုံသေနည်းထဲအစားသွင်းမယ်.. a နေရာမှာ 28 , b နေရာမှာ ကြိုက်တဲ့ ဂဏန်းထည့်လို့ ရပါတယ်.. ဘယ်ဖက်ကဟာ တွေထဲမှာအစားသွင်း လိုက်မယ်ဗျာ..

= (28 + 2) (28 - 2) + 4
= (30) (26) + 4
= 780 + 4
= 784 <----- အဲဒါအဖြေပေါ့..

ဘာလို့ b နေရာမှာ 2 ထည့်လဲဆိုတော့ လွယ်အောင်လို့ , တကယ်လို့ a က 23 ဆိုရင် b က 7 ထည့်မှာ အဲ့လောက်ဆိုရင်သိလောက်မှာပါ.. 10, 20, 30, အစရှိတဲ့ ဂဏန်းတွေနဲ့တွဲရောက်သွားတော့ မြောက်ရတာ လွယ်သွားတာပေါ့.. ပထမတော့ .. “ဟင်း.. ဒီတိုင်းမြောက်တာနဲ့ ဟိုတိုင်းမြောက်လိုက်တာကမှ ပိုမြန်အုံးမယ်လို့ ထင်လိမ့်မယ်.. နောက်တော့ ပုံသေနည်းကိုရင်းသွားရင် ဂဏန်းသုံးလုံးတို့ လေးလုံးတို့ကို ခဏလေးပဲ ရသွားတယ်.. ဘာရယ်တော့မဟုတ်ပါဘူး.. နည်းနည်းသိသွားရင် ပျော်ပါတယ်.. :D


နောက်တစ်ခုက အပေါ်ကဟာနဲ့ဆက်ပါတယ်.. ကျောင်းမှာခုနကပြောတဲ့ သူငယ်ချင်းတွေ တစ်ယောက်နဲပ့ တစ်ယောက် မေးနေကြတဲ့ ပုစ္ဆာပါ.. ဉာဏ်စမ်းလိုက်တာပေါ့ တစ်ယောက်ကို.. Calculator ကိုင်ထားတဲ့ သူငယ်ချင်းတစ်ယောက်ကို တစ်ယောက်ကပြောတယ်...
“ဟေ့ကောင် .. မင်းကို Calculator ပေးတယ်ကွာ.. ဒါကိုနုတ်ပြတဲ့..”တဲ့
“ပြော..”
“ဒီမှာ...”ဆိုပြီး စာရွက်ပေါ်ချရေးပြပါတယ်..

12345 2 - 12344 2 = ?

Calculator မဆန့်အောင်လို့နေမှာပါ..
ဟိုတစ်ယောက်လည်း ပထမ အူကြောင်ကြောင်နဲ့ကြည့်နေတယ်.. နောက်တော့ 12345 ကို နှစ်ထပ်ပြု စာရွက်မှာမှတ်.. 12344 ကို နှစ်ထပ်ပြု စာရွက်မှာမှတ် ပြီးတော့ နုတ်ပါတော့တယ်.. Calculator ကိုသုံးပြီးတော့ပါ.. အထာနပ်တဲ့ ကျောင်းသားတွေက ရယ်ကြပါတယ်.. မသိတဲ့သူတွေက အူကြောင်ကြောင်လေး ကြည့်နေတုန်းပါပဲ.. အဖြေကတော့ရသွားတာပါပဲ.. တကယ်သူလုပ်ရမှာက အဲ့လိုဟုတ်ဘူး.. အမေးခံရတာက အတန်းရဲ့ EC ပါ.. EC ကိုကျွန်တော်ပြုံးပြပါတယ်.. အူကြောင်ကြောင်လေးနဲ့ ကြည့်နေတယ်.. သူတို့အုပ်စုက ကျွန်တော်တို့ ရယ်တဲ့လေးယောက်ကို.. ဘာမှားလို့လဲဆိုတဲ့အကြည့်နဲ့ ကြည့်ကြပါတယ်.. ကျွန်တော်တို့ပြန်မပြောပြဖြစ်ခဲ့ကြပါဘူး.. အခု ဘလော့တင်စရာမရှိတာနဲ့ .. :D.. ဒီမှာပြောလိုက်တာပါ.. စိတ်ထဲကနေ တောင်တွက်လိုက်လို့တဲ့ဟာ.. အဲ့တုန်းက သူ့ကိုပြောရင် ကောသလိုဖြစ်သွားမှာဆိုးလို့ပါ.. သချာင်္ပုစ္ဆာတွေ မေးရင်းမေးရင်းနဲ့ ကျွန်တော်တို့ နှစ်ဖွဲ့ကွဲပါတော့တယ်.. ဟိုဖက်ဒီဖက် အပြန်အလှန် အဖြေရှာကြပေါ့..

တကယ်က ( 12345 နဲ့ 12344 ကိုပေါင်းလိုက်ရုံပဲ ) ရှင်းပြမယ်.. ဂလောက်လွယ်တာကို..
a2 - b2 ဆိုရင် = (a + b) (a - b) ဆိုတဲ့ ပုံသေနည်းလေးကို သတိရဟန်မတူဘူး.. ခွဲကြည့်လိုက် ( 12345 ထဲကနေ 12344 ကိုနုတ်ရင် 1 ပဲကျန်မှာ အဲဒီ 1 နဲ့ ကျန်တဲ့ 12345 + 12344 ပေါင်းထားတာကို မြောက်ရင် ပေါင်းထားတာရမှာပဲကို...


EC ကပြန်မေးပါတယ်.. “ ကဲ ငါလည်း ပြန်မေးမယ်တဲ့ .. ”
“မေး..”
“မင်းစိတ်ထဲမှာ ကြိုက်တဲ့ ဂဏန်းမှတ်လိုက်..”
“အင်း..” သံပြိုင်ထွက်လိုက်ကြသည်..။ ကျွန်တော်တို့ စာအုပ်ထဲတွင် 2 မှတ်လိုက်ပါသည်..
“အဲ့ဒါကို 8 နဲ့မြောက်လိုက်..”
“အင်း... ပြီးပြီ..” 16 ကျွန်တော်ရေးလိုက်တယ်..။
“7 နဲ့ဆက်မြောက်ကွာ..” 112 ကိုဝိုင်းမြောက်ကာ ထပ်ရေးလိုက်သည်..။
“.. အင်းပြီးပြီ.. ”
“.. ခုနက မင်းမှတ်ထားတဲ့ဟာနဲ့ ပြန်စား.. ”
“.. ဟင်း.. EC ရှုးလှချဉ်လား.. ဘာထူးမှာတုန်းမင်းအဖြေက 56 .. အဲ့လိုပြောမှာမဟုတ်လား.. အဲ့လောက်တုံးရင် ကွန်ပျူတာကျောင်း မတက်ဘူး.. ဟား.. ဟား.. ” ကျွန်တော်ထပ်ပြုံးမိပါတယ်.. ဟုတ်သည်.. EC မေးခွန်းကရှင်းလွန်းသည်.. ဘယ့်နှယ်.. ခုနက မြောက်ခိုင်းတဲ့ဟာနဲ့ ပြန်စားခိုင်းတာတဲ့.. ကြေရောပေါ့.. 8 နဲ့ 7 နဲ့မြောက်တာပဲ အဖတ်တင်သည်.. အဲ့တော့ အဖြေက ဘယ်ဂဏန်းမှတ်မှတ် 56 ပဲဖြစ်မည်သာ..။ သူတောင် မဖြေရသေးဘူး.. ကျွန်တော်တို့ အဖြေ ၀ိုင်းအော်တော့ EC ကြောင်အမ်းအမ်းဖြင့်.. :D ..


State ကျောင်းဘ၀ကဆော့ခဲ့ဖူးသည့်အတိုင်းပြန်မေးပါသည်...။ အသင်စာဖတ်သူလည်း.. လိုက်မှတ်နိုင်ပါသည်..။ သိပြီးသားများကိုမရည်ရွယ်ပါ... ဟဲ.. ဟဲ..

“..ဒါဆို.. EC.. မင်းမေးတဲ့အတိုင်းပဲ.. ငါတို့ပြန်မေးမယ်..”
“..အေး.. ပြော..” သူတို့အုပ်စု စာအုပ်တစ်အုပ်ဆွဲကာ ခေါင်းချင်းဆိုင်လိုက်ကြသည်..။
“မင်းက.. သူငယ်ချင်းတစ်ယောက်ထဲက ပိုက်ဆံ ချေးလိုက်ကွာ...”
“..ဟာ.. အချေးအငှားဝါသနာမပါဘူး.. EC ငါမချေးဘူးနော်..”သူတို့ တစ်ယောက်ထဲမှ စသည်..။
“အေး.. အေး.. ရပြီ..”
“မင်းကအဲ့ဒါကို ဘော်လုံးပွဲလောင်းပြီးတော့ မင်းနိုင်လာတယ်.. နှစ်ဆရလာတယ်ပေါ့ကွာ.. မင်းခုနက ချေးတဲ့ ပိုက်ဆံကို နှစ်ဆပြုလိုက်... ဥပမာကွာ.. ၁၀၀ ဆိုရင်.. ၂၀၀ ဖြစ်သွားတာပေါ့..” ဆရာကြီးဂိုက်ဟန်ဖြင့်.. ကျွန်တော်ဆက်ပြောသည်..။
“အေး.. ပြီးပြီ..” သူတို့တစ်မှတ်မှတ်ဖြင့်.. နားထောင်နေကြသည်..။
“ငါက မင်းကို.. ၂၀ ပေးတယ်ကွာ.. သနားလို့ပေါ့.. ဟီး. :D... အဲ့ဒါကိုပေါင်းလိုက်.. စတာ.. ငါမင်းကို ၂၀ ပေးလိုက်တယ်.. အဲ့ဒါကိုပေါင်းထည့်လိုက်ကွာ...”
ခဏအကြာ.. သူတို့ထဲမှ..
“ပြီးပြီ..”
“အခုရလာတဲ့ပိုက်ဆံတွေကို.. မင်းက တစ်ဝက်စီခွဲလိုက်.. ပြီးရင်.. တစ်ဝက်ကို.. ကုသိုလ်ရအောင်.. ဘုရားမှာ လျှူလိုက်တယ်ကွာ.. မင်းမှာတစ်ဝက်ပဲကျန်မယ်..”
သူတို့ လက်ရှိအဖြေကို ၂ နဲ့စားလိုက်ကြသည်...။
“အေး.. ဆက်ပြော...”
“မင်းမှာ တစ်ဝက်ပဲကျန်တော့တယ်နော်...” “အေး...”
“အဲ့.. တစ်ဝက်ထဲက မင်းခုနက ချေးထားတဲ့အကြွေးပြန်ဆပ်လိုက်ကွာ...”
သူတို့မူလမှတ်ထားသည့် ဂဏန်းကိုပြန်နုတ်ခိုင်းလိုက်ခြင်းသာ...
“ပြီးပြီ...”
“မင်းမှာ.. ပိုက်ဆံ .. ၁၀ ကျပ်ကျန်သေးတယ်..” ကျွန်တော် ပြောလိုက်တော့.. သူတို့ပါးစပ်ဟောင်းလောင်း ဖြင့်.. :P...

သူတို့ ကျေနပ်သေးဟန်မပေါ်သဖြင့်.. ကျွန်တော်နောက်ထပ်.. ထိုကဲ့သို့ ချေးခိုင်းသည်..။ တစ်ခြားဂဏန်းမှတ် ခိုင်းလိုက်သည်..။ ဟိုပြောဒီပြောနှင့် အဖြေကိုနောက်ဆုံးပြောသည်..။ (အသင်စာဖတ်သူလည်း မကျေနပ်သေးရင် ဆက်မှတ်ပါ.. ကျွန်တော်မကြည့်ပါဘူး.. :D )

ချေးပါ..
နှစ်ဆပြုပါ..
ကျွန်တော် ၄ ကျပ်ပဲပေးပါတော့မည်..
တစ်ဝက်ခွဲပါ..
တစ်ဝက်ကို ဘုရားလျှူပါ..
ချေးထားသောအကျွေးကိုပြန်ဆပ်ပါ..
သင့်မှာ ၂ ကျပ်ကျန်ရှိမည်..။ (ဟုတ်တယ်.. မဟုတ်လား.. )

တစ်ကယ်တော့.. လွယ်လွယ်လေးပါ.. နောက်မှ လျှို့ဝှက်ချက်ပြောမယ်...


သည်တစ်ခါ ကျွန်တော် EC ကို ခဲလုံးသုံးပုံ အညီအမျှပုံခိုင်းပါသည်..။
ဥပမာ - ဘယ် လယ် ညာ
ဘယ်ဖက်က ၃ လုံးဆိုလျှင်.. အလယ်လည်း ၃ လုံး ညာဖက်လည်း ၃ လုံးဖြစ်သည်..။ ကျွန်တော် EC ကို ရှင်းပြသည်..။

သူတို့ရှင်းသွားတော့မှ..

“..ဘယ်ဖက်ဆုံးအပုံကနေမှ အလယ်ပုံကို ၂ လုံးထည့်လိုက်ကွာ..”
“..အင်း..” ပြီးသွားဟန်ဖြင့်..
“..အခု.. ဘယ်ဖက်ဆုံးမှာ.. ကျန်သလောက် အလယ်ကနေ.. ညာဖက်ကို ထည့်လိုက်ကွာ.. ဥပမာကွာ.. ဘယ်ဖက်ဆုံးမှာ ၁ လုံးကျန်ရင်.. အလယ်ပုံထဲနေ.. ညာဖက်ပုံကို.. ၁ လုံးထည့်လိုက်ပေါ့..”
ခဏကြာမျှစဉ်းစားပြီး..
“မင်းအလယ်ပုံမှာ.. ခဲလုံး ၄ လုံးရှိတယ်.. EC ..”
အသင်စာဖတ်သူလည်း ဟုတ်တယ်.. မဟုတ်လား..
သူတို့မကျေနပ်သေးတော့.. နောက်တစ်ခါ.. ဆက်မှတ်ခိုင်းသည်.. ကျွန်တော် နောက်ဆုံးအဖြေပြောသည်...။
စာဖတ်သူလည်း.. မကျေနပ်သေးရင် ဆက်မှတ်ပါ..

ခဲလုံးသုံးပုံ အညီအမျှပုံနော်..
ဒီတစ်ခါ..
ဘယ်ဖက်ဆုံးကနေ.. အလယ်ကို.. ၃ လုံးထည့်ကွာ..
ဘယ်ဖက်ဆုံးမှာ ကျန်သလောက်.. အလယ်ကနေ.. ညာဖက်ကိုထည့်လိုက်..
ဟဲ.. ဟဲ.. အလယ်မှာ ခဲလုံး ၆ လုံးရှိတယ်..
ဟုတ်တယ်မဟုတ်လား...

အဖြေကိုရှင်းပြပါမည်..။ နောက်မှပေါ့... :D.. အခုတော့ ခန တာ့တာဗျာ.. အားလုံး..

Tuesday, May 8, 2007

USCM ကျောင်းကား တိမ်းမောက်မှုဖြစ်ပွား

USCM ကျောင်းကား တိမ်းမောက်မှုဖြစ်ပွား

ယာဉ်စည်းကမ်း၊ ယာဉ်အန္တရာယ်များ ဂလောက်ဖြစ်ပျက်နေပြီး သတိပေးနေကြတဲ့ကြားထဲကမှ .. အော်.. ဖြစ်သွားရလေခြင်း..


ဒီနေ့ (၈)ရက်နေ့ ၊ ညနေ ကျောင်းကားအပြန်လမ်း၊ ရန်ကုန်မန္တလေးလမ်းမှကြီးပေါ်၊ မြွေဘုရားအထွက် နားမှာ တိမ်းမောက်မှုဖြစ်ပွားပါတယ်..။ ကျွန်တော် လှမ်းမြင်လိုက်တာကတော့ စောနက ကျွန်တော်စီးနေတဲ့ ရွှေမန်းမေကားကို ကျော်တက်သွားတဲ့ အမှတ် (၈)လိုင်းကား ဒိုင်နာဟာ.. ၃ လေးပတ်လောက် လိမ့်သွားပါတယ်... နောက်မှာ တွဲခိုပါလာတဲ့ ကျောင်းသား (၃)ယောက်ကတော့ လမ်းပေါ်လွင့်ကျခဲ့ပါတယ်.. ကျန်တာကတော့ ကျွန်တော်တို့အရှေ့က ရွှေမန်းမေကားကြီး ကွယ်သွားပါတယ်.. ကျွန်တော်လည်းဆက်မကြည့်ရဲတော့ပါဘူး..


အနားရောက်တော့ ဒိုင်နာကားက လမ်းဘေးမှာမှောက်လို့ လမ်းပေါ်ကျသွားတဲ့ (၃)ယောက်ထဲမှာ ကျွန်တော်တို့အတန်းထဲက မောင်ယဉ်မင်းထက် (ကျွန်တော်တို့ခေါ်တာ ကိုမျိုးကျော့) သူအဆိုးဆုံးဖြစ်သွားပါတယ်.. :( ကျွန်တော်စိတ်မကောင်းလိုက်တာ.. ကားထဲမှာကျန်တဲ့မိန်းကလေးတွေကို လည်း အပြင်ထုတ်ကြပါတယ်.. သွေးသံတရဲရဲပါပဲ.. ဆရာတစ်ယောက်လည်း လက်မှာသွေးတွေနဲ့.. ခဏလေးအတွင်းကို လူတွေ ရှုပ်ချပ်ခတ်သွားတာပါပဲ..

ဆရာတွေအလုပ်ရှုပ်တော့တယ်.. ရှေ့ရောက်သွားတဲ့ကားတွေပြန်ခေါ် လူတွေပြန်မျှတင်.. မှောက်သွားတဲ့ကားပေါ်က ကျောင်းသူကျောင်းသားတွေအတွက် သပ်သပ်တစ်စီး၊ ကျန်ကျောင်းသူ/သားတွေကို မျှတက်ခိုင်း.. ကျွန်တော်လည်း ကားမှားတက်ပါတယ်.. တော်သေးတာပေါ့.. ကားစပယ်ယာ နှစ်ခါမကောက်လို့..

အဲ့အတွေးက ကျွန်တော့်ကိုအပြန်လမ်းတစ်လျောက်လုံးမက ထမင်းစားတဲ့အထိပါပဲ.. ခေါင်းထဲတော်တော်နဲ့ ဖျောက်မရဘူး.. (၇၃)ဂိတ်မှာ Express ကား (၆)စီးထွက်ပေးပါတယ်.. ကျန်တာ ဒိုင်နာနဲ့ မှန်လုံအသေးလေးတွေပေါ့.. ကျွန်တော်စဉ်းစားကြည့်တယ်.. အဲလိုပဲ ကျွန်တော်လို့ (၇၃)ဂိတ်လို Express ကားကြီး (၂)စီးလောက် (၈၂)ဂိတ်ချပေးရင်ကော.. မဖြစ်နိုင်ဘူးလား.. မလုပ်နိုင်တော့ဘူးလား ဒိုင်နာခေါင်မိုးပေါ်ကျတော့ စဉ်းစားကြည့်ပေါ့ အသက်ကို ဖက်နဲ့ထုပ်ထားသလိုပဲ.. ဒီဂနေ့မှောက်တဲ့ကားက ခေါင်မိုးမပါဘူး.. ခေါင်မိုးမှာ ပြောင်ကြီးပဲ တော်သေးတာပေါ့.. ကျောင်းသား တွေ ခေါင်မိုးပေါ်မရှိလို့ .. ရှိရင် ဒီ့ထက် ဒဏ်ရာရ အရေအတွက်ဆက်များအုံးမယ်.. :(..

နောက်တစ်ခါမမြန်ပါနဲ့တော့ ဒိုင်နာဆရာတို့ရယ်.. ရွှေမန်းမေ လူကျပ်ရင် ကျွန်တော်တို့ ကိုယ့်နေရာကို ပြန်ရောက်တော့မှာမို့ပါ.. အရင်စီးနေကြ (၇၃)ဂိတ်က (၅၅၈) ကားဆရာ နောက်နေ့မမြန်နဲ့တော့နော်.. ဒီနေ့ ဖြစ်သွားတာကို ကြည့်ပြီးတော့ပါ.. နောက်တစ်စီး.. (၄၉ ---- ----) ကားနံပါတ်မမှတ်မိတော့ဘူး.. တော်ပါတော့နော်.. :'(

မှတ်မှတ်ရရပါ.. ဖတ်ဖူးပါရဲ့ ကားဆရာတွေထဲမှာ အန္တရယ်အရှိဆုံးက ၀ါရင့်ဆရာတွေတဲ့ ဒုတိယက အပျံသင်စ တဲ့ နောက် တတိယက ............. သိဘူး.. မမှတ်မိတော့ပါ...

လမ်းစည်းကမ်း.. ၊ လမ်းအန္တရာယ်.. ၊ ယာဉ်စည်းကမ်း ၊ ယာဉ်အန္တရာယ်..... သတိထားကြပါဗျို့.. သတိထား ကြပါ.. သတိထားကြပါဗျ... :'(

Monday, May 7, 2007

ထိုမနက်ခင်းနှင့် ကျွန်တော်

ထိုမနက်ခင်းနှင့် ကျွန်တော်


သုံးနှစ်လောက်ရှိပါပြီ.. အိပ်ရာစောစောမထတာ ငယ်ငယ်တုန်းကတော့ ထတာပေါ့..

ဒီမနက် ကျွန်တော် ဘာကြောင့်လဲမသိ အိပ်ရေးဝနေပါတယ်.. လူလည်းလန်းနေတယ်ပေါ့.. ဘာလို့ပါလိမ့် အော်.. ညက စောစောအိပ်ရာဝင်ခဲ့လို့အေရင်က ကျွန်တော် မနက်ခင်းစောစောမထတတ်ပါ.. အခုဆိုလျှင် ကျွန်တော်စောစောထတတ်နေပါပြီ..

ကြက်တွန်သံတောင်ကြားနေရပါတယ်.. “အောက်.. အီး.. အီး.. အွတ်.. ”

“လေးလုံးနဲ့ ဆိုင်ကယ် (မှတ်ချက် ။ ။ ခွေးအမည်ဖြစ်သည် .. ကလေးများခေါ်၍ခေါ်ခြင်းဖြစ်သည် :D.. ပြေးလာကြတယ်.. ဘာလို့လဲတော့မသိဘူး.. )က ဆော့နေတယ်.. ကျွန်တော့်မြင်တော့ ကျွန်တော့်ဆီ နှစ်ကောင်သား ပြေးလာကြတယ်.. ဆိုင်ကယ်က ကျွန်တော့်ခြေထောက်ကို သူ့ခေါင်းနဲ့လာတိုးနေတယ်.. သည်ကောင်တွေက ကျွန်တော့်ဘော်ဒါတွေတွေလေ.. အောင်မာ ဒီကောင်တွေနဲ့ ပေါင်းဖို့လွယ်တယ် မှတ်လို့ သူတို့ကို ငယ်ငယ်ကတည်းက အစာကျွေးထားရတာ.. ချစ်စရာလေးတွေ အဲတုန်းက အခုတော့ ကြည့်စမ်း နာရင်းကို အုပ်ချင်စရာ.. အဲလိုပြောရင်း သကောင့်သား တွေကစိတ်ဆိုးတယ်ဗျ.. အမီးလေးကုတ်ပြီး ဟိုဖက်လှည့်ထွက်သွားတယ်.. ဒီကောင်တွေ ရည်းစားတွေဘာတွေမရှိသေးဘူးလား မသိဘူး.. ထားပါ အဲတာတော့.. ဟီး.. မနက်ခင်းကနေ ဘယ်ရောက်သွားလဲသိဘူး..

ခွေးတွေတစ်ချို့ကိုလည်း အဖော်အဖြစ်ခေါ်ခဲ့လိုက်တယ်.. ဒီကောင်တွေလည်း ဘာလို့လဲမသိ တက်ကြွနေပုံပေါက်တယ်... “လေး..လုံး.. လေး.. လုံး..” “..လာ.. လာ.. ” “ရှုး.. ရှုး..” ပါးစပ်ကလည်းပြော လက်ကလည်း လက်ခုပ်လေးတီးရင်း ခေါင်းဆောင်ကို ခေါ်တယ်... သူလိုက်လာတယ်ဆိုရင်ကိုပဲ.. တစ်ခြား အကောင်တွေက လိုက်လာပြီ.. ဟဲ.. ဟဲ.. ကျွန်တော်ကလည်း “ခေါင်မှန်ရင်အကုန်ရတယ်..” ဆိုတဲ့ ပေသီးပစ်တဲ့ သီအိုရီကို သုံးထားတယ်.. :D..

ဒီကောင်တွေကလည်းပြေး ကျွန်တော်လည်းပြေး ... ပြေးရင်းပြေးရင်းနဲ့ ဆော့ရင်းဆော့ရင်းနဲ့ ရေမြောင်းပေါ် (ရေနီမြောင်းဘောင်လမ်း - ယခင် ၆၁ လမ်း ၊ ယခု ရေနီမြောင်းလမ်း :D ) တွေရောက်သွားရော.. ဟိုမှာက အမှတ် (၅)ကျောင်းကြီး.. လမ်း ၃၀ ဒီဘက်ကိုကတော့ ဖောက်လက်စကြီးရယ်... နေကလည်း အရှေ့ဘက်ဆီမှာ ၀ါတာတာလေးထွက်လာပြီ.. လေပြေတစ်ချို့တိုးဝှေ့လာတယ်.. ကျွန်တော့်မျက်နှာတွေကိုပေါ့.. (တစ်ကယ်ဗျ.. ကဗျာဆန်အောင် လျောက်ပြောတာမဟုတ်ဘူး.. သူ့အလိုလို ကဗျာဆန်သွားကြတာ..) အားလုံးဟာ တိတ်ဆိတ်နေပါတယ်.. လေတိုးသံ.. သစ်ရွက်ခတ်သံ.. စပါးပင်များကလည်းစိမ်းလို့ လေယူရာ ကိုယိမ်းနွဲ့ပြီး.. ကနေကြတယ်.. အရာရာဟာ.. လှချင်တိုင်းလှလို့နေတယ်.. အမှတ် (၅)ဘက်ကိုလှည့်ကြည့်လိုက်တော့ အလံတိုင်ကြီးမှာလည်း လွင့်လို့ .. ကျောင်းကို သတိရလိုက်တာ.. (၅) တန်းကနေ (၁၀)တန်းထိ ကျွန်တော်တက်ခဲ့ရတဲ့ကျောင်းပေါ့..

အမှတ် (၅) ကျောင်းကြီးမှာ ကျွန်တော်နေထိုင်သော MBOA နှင့် ရေနီမြောင်းကြီး ခြားထားပါသည်.။ ကျွန်တော်သုတေသန ပြုထားချက်များအရ ကျွန်တော်တို့ကျောင်း တံခါးနှင့် အမှတ်ငါးကျောင်း တံခါးကို ခြေလှမ်းပေါင်း ၃၅၀ ကြီးများတောင် လျှောက်ရပါသည်..။

“ ကောင်မလေးတွေကို သတိရလိုက်တာ..” အဲ ဟုတ်ပေါင်.. ထွီ .. လွှဲပဟ.. ဘေးဘယ်ညာ.. ကျွန်တော်လှည့်ကြည့်မိတယ်..။ ဘယ်သူမှမှရှိ..။ ဟူး.. တော်သေးတာပေါ့..။ ရင်ထဲက အပူလုံးကြီးကျသွားတယ်..။ ပြန်ပြင်ရွတ်လိုက်တယ်.. “ဆရာမတွေကို သတိရလိုက်တာ..”ဆရာမတွေ စာသင်တုန်းလားသိဘူး.. ဟိုကောင်မလေး ဘယ်ကျောင်းတက်နေလဲ သိဘူး.. (တယ်.. ငါ့စိတ်နှယ် .. ဘာဖြစ်နေတာတုံး.. ငြိမ်ငြိမ်နေစမ်း..)

“ကလိုင်.. ကလိုင်.. xxxxxxxxx ... xxxxx .... ” ဟိုက်ခေါင်းလောင်း တောင်ခေါက်ပဟ.. ပြေးပြီတာ့တာ.. ကာယလုပ်ရအုံးမယ်.. မမီရင် အဆော်ပလော်တီးခံရမှာ.. တာ့.. တာနော်.. ဒီနေ့.....

ဟိုကောင်တွေကတော့ ဆော့လို့ကောင်းတုန်း “.. ဟာ.. ဟိုကောင်တွေ.. မြန်မြန်လာဟ.. လေးလုံး.. လေးလုံး.. ၊ ဆိုင်ကယ်.. လာ.. ဆိုင်ကယ်.. ဂလူး.. ဂလူး.. ”

Thursday, May 3, 2007

သူတို့အလုပ်သင်သွားပြီ

သူတို့တွေ အလုပ်သင်သွားပြီ


လေးလစာလောက် ဘိုင့်.. ဘိုင့်.. ပါသူငယ်ချင်းရေ....

ဘိုင့်.. ဆိုတာက ကျွန်တော့်သူငယ်ချင်း နှစ်ယောက် တိုင်းရင်းဆေးသိပ္ပံ အပတ်စဉ် ၂၉ ကကျောင်းသား (၂)ယောက်ပါ.. သူတို့တွေ စာမေးပွဲပြီးသွားလို့ အလုပ်သင် သွားရပြီ.. သိန်းဇော်ဦးက ကချင်ကိုလျှောက်တယ်.. သန့်ဇင်က မကွေးကိုလျောက်တယ်... သွားခါနီး ကျွန်တော်တို့ စနေကြတယ်.. ကချင်ကပြန်လာရင် ဘာ လက်ဆောင်ယူခဲ့မှာလဲဆိုတော့ ဂျီးတွန်းကျောက် တစ်ယောက်တစ်လုံးစီ ယူခဲ့မယ်တဲ့..

ဒါနဲ့ ဟိုကောင့်ဖက်လှည့်ပြီး.. “ဟင်း.. မင်းမကွေးမှာ ဘာမှလည်းမရှိဘူး.. နေကလည်းပူနဲ့ .. လည်စရာရှိ ရွှေစက်တော်ပဲကွာ.. မနှိပ်လိုက်တာ.. မင်းတော့ အသားမည်းမှာမြင်ယောင်သေး...”လို့စတယ်...

သူကလည်းပြန်ဖြေပါတယ်.. “ဟေ့ရောင်.. မင်းကလည်းကွာ.. အကွက်ကို မမြင်ပါဘူးကွာ.. မကွေးသွားတာ အလကားမဟုတ်ဘူးကွ.. ရေနံတူးမှာ.. ရေနံတူးမှာ.. ပြီးရင်.. အာဆင်နယ်ကိုဝယ်မှာ.. ဟင်း.. ဟင်း..”

ဟိုက်.. ရှာပါးပါလား..

“ဟိုကောင်.. မင်းက ငှက်ဖျားမိမှာ..” သိန်းဇော်ဦးဖက် ကျွန်တော်ပြန်လှည့်လိုက်တယ်..

“မိ.. မိ.. ကွာ.. ရွှေတွေရရင်ရပြီ..”

“..ဟမ်..”

ဒါနဲ့ ဟိုဟာပြောဒီဟာပြော တောင်ပြောမြောက်ပြော လျောက်ပြောနေကြတယ်.. စကားမစပ် ကျွန်တော် မေးမိတယ်.. “ဒါနဲ့နေပါအုံး.. မင်းတို့ လခဘယ်လောက်ရတုံး..”

“၈၀၀” သံပြိုင်ထွက်လာကြတယ်.. သူတို့မျက်နှာလှမ်းကြည့်မိတော့... ဂလု ဆိုပြီး တံတွေတွေမျိုချကြတယ်..

မြတ်စွာဘုရား.. တစ်လမှ ၈၀၀ တဲ့ ဘာသွားလုပ်မှာတုန်း.. မပေးချင်လဲပေးမနေပါနဲ့တော့.. အင်းလေ.. အလုပ်သင်ဆိုတော့လဲ.. မပေးလိုက်တာမှ နေလို့ထိုင်လို့ ကောင်းအုံးမယ်ကွာ.. အခုတော့.. မြို့ထဲ မိတ္တူဆိုင်မှာ အလုပ်သင်လုပ်တာကမှ တစ်သောင်းခွဲရသေးတယ်.. မိတ္တူလည်းပြင်တတ်သွားလိမ့် အုံမယ်.. အခုလို ကချင်ပြည်နည်.. မကွေးထိလည်းအဝေးကြီးမဟုတ်ဘူး.. တော်သေးတာပေါ့.. ဘုန်းကြီးထောက်ပေလို့သာ...

စကားတွေကောင်းနေကြတုန်း.. ကိုရင်လေးတစ်ပါးက လာပြီး.. ဘုန်းကြီး အားနေပြီ.. သွားကန်တော့ချည်တော့ ဆိုလို့ ကျွန်တော်တို့ကို နုတ်ဆက်ပြီး.. ဘုန်းဘုန်းကို ကတော့ကာ.. ယနေ့ ညနေ ၅ နာရီမှာ သူတို့ အလုပ်သင်လျောက်ရာဆီ အသီးသီးကို.. သွားကြပါပြီ...

တာ့တာ... သူငယ်ချင်းတို့ရေ...

Wednesday, May 2, 2007

ရွှေမန်းမေ

ရွှေမန်းမေကား စစီးချင်း


ရွှေမန်းမေ Express ကားကြီးတွေကို ဒီကနေ့ ကျွန်တော်စစီးပါတယ်.. ညိမ်နေတာပဲဗျာ... နောက်ပြီးပြောရအုံး မယ်.. နှစ်စကတည်းက ဒိုင်နာခေါင်မိုးပေါ်ပဲစီးလာတာ.. ခေါင်မိုးမင်းသားတွေတောင် ဆိုလို့ရနေပြီ... ဒိုင်နာ ဆရာတွေကလည်း အသေအကြေကို မောင်းတာ.. ပြိုင်ကားမောင်းချန်ပီယံတွေများမှတ်နေကြလားတိဘူး.. အဲ့.. အဲ့.. ကားဆရာတစ်ယောက်ကဆို သူ့ကို ဘာဝါသနာပါလဲသွားမေးမိတယ်... ဂျက်လေယာဉ်မောင်းရတာ သူ့ဝါသနာတဲ့.. တော်သေးတာပေါ့.. ဒုံးကျည်တို့ဘာတို့ မမောင်းချင်လို့ အဲလိုမြန်မှပဲ ကျွန်တော်တို့ကလည်း အကြိုက်.. နှေးနေရင် စီးရတာကိုက အောင့်သီးအောက်သက်နဲ့ အချိန်မရတာလိုလို ဘာလိုလို.. ဟိုနေ့ကမှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ဘာလို့ အဲလောက် အန္တရာယ်များတဲ့ ကားတွေကိုမှ စီးချင်နေလဲပေါ့.. ပြီးတော့ အဲလို ဒိုင်နာတွေစီးတာကလဲ First Year တွေ အများဆုံးလို့ပြောရမလားပဲ.. သူတို့ချည်းပဲ..


ရင်ဘတ်ကို လေပြင်းတွေတိုက်လို့ .. ဟိုနေ့က အိပ်ရာက (၂)ရက်လောက်မထနိုင်ပဲဖြစ်သွားရှာတယ်.. ဒီနေ့ အဲဒီဒုက္ခတွေက ကင်းအောင်လို့ ရွှေမန်းမေထဲ
ဝင်စီးတယ်.. မတ်တပ်ရပ်လိုက်စီးတာပါ.. ထိုင်ခုံအတွက်ကတော့ ဒီတစ်သက်ဘယ်တော့မှ မမှန်းဘူး... :D.. Lady First ဆိုတော့ ထားပါ.. အဲ.. ကောင်မလေးတွေက တစ်ခါမှ တွေ့ဖူးဘူး.. ၀ူး.. ဟူး.. လူကိုအတော် နေရင်းထိုင်ရင်းပျော်သွားတယ်.. တကယ့်အလှလေးတွေ ... “Final Year ကမမရယ်...” သီချင်းတွေတောင် ဆိုချင်စိတ်ပေါက်လာတယ်.. ပြောရင်းဆိုရင်း...


အလကားစတာပါ.. တကယ်ကို တစ်ခါမှမတွေ့ဖူးတဲ့ အလှအပလေးတွေလေ.. 2nd လား 3rd လား hons: လား Master လားသိဘူး.. လှတာတွေမှ အများကြီးပဲ..


တောက်... !!!! ဂလောက် တုံးတဲ့ငါ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တွေ ၁၀ ခါထက်မနည်းတင်နေမိတယ်... :D.. ဟိုး.. အစကတည်းက ရွှေမန်းမေစီးဖို့ကောင်းတယ်.. :D... စီးရတာလည်း တကယ်ကောင်းတယ်.. ညိမ့်ညိမ့်လေးပဲ.. ခေါင်မိုးပေါ်ကလည်း ပြုတ်မကျနိုင်တော့ဘူး.... ခေါင်းမိုးမှမရှိတာကို..


နောက်နေ့က စပြီး.. ကျန်းမာရေးငှဲ့ပြီး.. (ဟုတ်ဝူး.. တိဒယ်မရား.. ) ကျွန်တော် အဲ့လိုကားတွေပဲ စီးပါတော့မယ်ဟု... ကြော်ငြာ် (or) ကြေငြာအပ်ပါသည်...။