Wednesday, August 8, 2018

Ubuntu 18.04 တွင် Unicode keyboard ထည့်သွင်းနည်း (mysan.km2, myanmar3.km2 ..etc)


default keyboard ပါတယ်ဆိုပေမယ့် "သဝေထိုး" ကို နောက်မှရိုက်ရလို့ မကြိုက်ဘူး မရိုက်တတ်ဘူး ဆိုတဲ့ ကိုယ်တွေလို လူအတွက်ပါ။ keyboard ကအများကြီးပါ ကျွန်တော်ရိုက်နေကြတော့ MyanSan(မြန်စံ) ပဲဆိုတော့ အဲ့တာနဲ့ အသားတော်တော်ကျနေပါပြီ။

အရင်တုန်းကတော့ ရတယ် repo ထည့် ibus-keymagic ထည့်လိုက်ရင် အဆင်ပြေသွားတယ်။ အခုလည်း ထို့နည်းလည်းကောင်းပါပဲ။ အခုက keymagic folder ကို auto မဆာက်နိုင်လို့လား မသိပါဘူး ibus-keymagic သွင်းလိုက်ရုံနဲ့ ချက်ခြင်းမရဘူးဖြစ်နေတယ်။ သေချာတော့ မစစ်ကြည့်ရသေးပါဘူး။ ဒါနဲ့ online မှာ ရှာကြည့်တော့ မတွေ့လို့ ရှိတာတွေလည်း အဟောင်းတွေဖြစ်နေတာရယ်ကြောင့် တိုင်ပတ်နေကြမှာ စိုးလို့ ဘယ်လိုထည့်ရမလဲဆိုတာ တင်ပေးလိုက်ပါတယ်။

Step 1 : (repo ထည့်မယ် keymagic ကို install လုပ်မယ်)

sudo add-apt-repository -y ppa:kokoye2007/ppa
sudo apt-get update  
sudo apt-get install ibus-keymagic  

Step 2 : (install လုပ်ချင်တဲ့ keyboards တွေကို download ဆွဲမယ်)


Download => MyanSan.km2

တစ်ခြား ထည့်သွင်းချင်တဲ့ keyboards တွေ ကို Keymagic.net official website ထဲမှာသွား download ဆွဲနိုင်ပါတယ်။

Step 3 : (.keymagic folder ဆောက်မယ် ပြီးတော့ download ထားတာတွေကို အဲ့ folder ထဲထည့်မယ်)

Home/{User} အောက်မှာ .keymagic ဆိုတဲ့ folder ဆောက်ပါ။ ဒါမှမဟုတ် အောက်ပါ command ကို terminal ထဲ ရိုက်ထည့်ပြီးလည်း ဆောက်နိုင်ပါတယ်။

(Or)

mkdir ~/.keymagic
စောစောက download လုပ်ထားတဲ့ .km2 (keyboard) files တွေကို .keymagic folder အောက်မှာ paste လုပ်ပါ။

(Note : ပုံမှန်အားဖြင့် linux တွေမှာ dot (.) နဲ့ စတဲ့ folders တွေ files တွေဟာ hidden ဖြစ်နေတာမို့ ctrl+h နဲ့ ဖေါ်လို့ရပါတယ်။)

(Or)

mv *.km2 ~/.keymagic

Step 4 : (Logout တစ်ခါ လုပ်ပါ။)


Step 5 : (Keyboard ထည့်မယ်)

Settings->Region & Language ထဲက input source မှာ keyboards ကိုထည့်လို့ရပါပြီ။

(Note : Burmese အောက်မှာမရှိပါဘူး။ English (United States) အောက်မှာ အပေါ်က ထည့်ခဲ့တဲ့ keyboards တွေကို တွေ့နိုင်ပါတယ်။)

Screen shoot တွင် ကြည့်နိုင်ပါတယ်။

1)


2)


3)