Thursday, January 17, 2008

ကျွန်တော့် ကဗျာ

........................ ရေ...

for (int i; i>0; i++)

{

cout<<"ငါမင်းကို ချစ်တယ်";

}

Sunday, December 2, 2007

စာမေးပွဲကျခြင်း

ဟူး.............

စာမေပွဲကျတယ်ဗျို့..

ဆပ်ဘလီလည်း မရှိဘူး..

1st Year တစ်နှစ်လုံး ပြန်တက်ရဦးမှာ

စိတ်ညစ်စရာကြီး... :D

Thursday, October 18, 2007

Shutdown ကို မြန်အောင် လုပ်မယ်

အကယ်၍ သင်က Window ကို shutdown ချတယ် ဆိုပါစို့။ သူက ရှိသမျှ လက်ရှိ Run နေတဲ့ Process တွေကို အရင် လိုက်ပိတ်ပါတယ်။ နောက်မှ Shutdown အလုပ်ကို လုပ်တာပါ။ ဘယ်လိုဖြစ်ဖြစ်ပါ တစ်ချို့ Application process တွေဟာ window ရဲ့ background မှာ Run နေတာပါ။ သင်က အဲ့ဒီရဲ့ run နေတဲ့ process တွေရဲ့ လိုက်ပိတ်တဲ့ နှုန်းကို Reduce လုပ်ပစ်လိုက်လို့ရပါတယ်။ ဒီ registry သုံးခုကို လိုက်ပြင်လိုက်ပါ။


- Registry editor ကို ဖွင့်လိုက်ပါ။

၁) HKEY_CURRENT_USER\Control Panel\Desktop
ထဲက WaitToKillAppTimeout ကို select လုပ်ပါ။ value ကို 1000 ထည့်ပေးလိုက်ပါ။

၂) HungAppTimeout ကိုလည်း ရွေးလိုက်ပါ။ value ကို 1000 ထည့်ပေးပါ။

၃) HKEY_USERS\.DEFAULT\Control Panel\Desktop ကိုသွားပါ
WaitToKillAppTimeout ကို ရွေးပါ။ value ကို 1000 ပဲဆက်ထည့်ပါ။
WaitToKillAppTimeout\newline ကိုလည်း select ပေးပါ။ value ကို 1000 ထည့်ပါ။

၎) HKEY_LOCAL_MACHINE\System\CurrentControlSet\Control ကိုလည်း သွားပါ။
WaitToKillServiceTimeout သူ့ကို ရွေးပြီး value ကို 1000 ပဲထည့်ပေးလိုက်ပါ။


Automically killing Process

တစ်ခါတစ်လေမှာ သင်က window ကို shutdown လုပ်တော့။ အလုပ်လုပ်နေတဲ့ tasks တွေ ကျန်ပါသေးတယ်။ killing လုပ်မှာလား ဆိုပြီး မေးလာတွေ တွေ့ဖူးမှာပါ။ သူ့ကို END NOW လုပ်စရာ မလိုပဲနဲ့ auto end ပေးထားလိုက် လို့ရပါတယ်။ ဒီ registry ကို ပြင်လိုက်ပါ။

- registry editor ကို ဖွင့်ပါ။

- HKEY_CURRENT_USER\Control Panel\Desktop ကိုသွားပါ။
AutoEndTasks ကို ရွေးပြီး value ကို 1 ပေးလိုက်ပါ။

Monday, September 24, 2007

Sofware များကို ရှာဖွေခြင်း

ကျွန်တော် internet စသုံးခါစ တုန်းက ကိုယ်လိုချင်တဲ့ အချက် အလက်တွေကို ရှာမယူတတ်ခဲ့ပါဘူး။ သူများတွေကို မေးကြည့် တော့လည်း အော် Google ကြီးရှိနေတာပဲ။ မှန်တော့ မှန်တယ်။ ဒါပေမဲ့ဗျာ ရချင်တဲ့ အကြောင်းအရာကို အဓိက မရဖြစ်နေတယ်။ အဲ့တော့ ကျွန်တော့်လိုပဲ သူငယ်ချင်းတို့လည်း အချိန်မပုပ်ပဲ ရှာနိုင် အောင် ကျွန်တော် ဘယ်လို ရှာတယ်ဆိုတာ share ပေးလိုက်ပါတယ်။ သူငယ်ချင်းတို့ရဲ့ နည်းကောင်း တွေရှိရင်လည်း ကျွန်တော့်ကို လက်တို့ပါဦးနော်။
- အရင်က ကျွန်တော် Software တွေကို ရှာတော့မယ် ဆိုရင် အခက်အခဲ ဖြစ်ရပါတယ်။ software ရဲ့ site ကိုသွား download လုပ်လိုက်ပြီ။ ရလာတော့ သူတို့က licence key တွေတောင်း၊ ပိုက်ဆံ တွေတောင်းနဲ့။ ကဲ ဒီတော့ crack file ရှာမယ် ဆိုတော့ crack site တွေသွားပြီး download လုပ်။ ဒါပေမဲ့ နောက်ဆုံး ရလိုက်တာ ကတော့ trojan ဒါမှမဟုတ်ရင် viurs တွေချဉ်းပါပဲ။ အဲ့လို crack file ကနေ virus တွေ trojan တွေမိလို့ format ချ window ပြန်တင်ရတဲ့ အခေါက်တွေ မနည်းလှပါဘူး။
- အခု ဘယ်မှာတွေမှာ ရှာလဲဆိုတော့ Forum တွေနဲ့ ကိုယ်လိုချင်တဲ့
software ရဲ site မဟုတ်တဲ့ နေရာတွေမှာ သွား download လုပ်သလဲဆိုတော့

ကျွန်တော် ဒီ site တွေမှာ အမြဲ လိုချင်တာတွေကို download
ရှာယူပါတယ်။ andr နဲ့ projectw ကတော့ forum တွေပါ။ esnips နဲ့ 4shared ကတော့
သမရိုးကျ မဟုတ်တဲ့ ရှာဖွေနည်းတွေပါ။ သူတို့က search engine တွေ မဟုတ်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် ဖိုင်တွေ share လုပ်ဖို့ လုပ်ထားတဲ့ file hosting site
တွေလို့ပြောလို့လည်း ရတဲ့ site တွေပါ။ တစ်ခြား သူတို့လို site တွေရှိပါသေးတယ်။
သူတို့ နှစ်ခုက file တွေအတင်များ၊ လူအသုံးများ၊ လို့ file လည်း စုံသလောက် ရှိပါတယ်။
တစ်ခုတော့ ရှိပါတယ်။ နောက်ဆုံး version တွေတော့ တော်တော်နဲ့ ရမယ်မဟုတ်ပါ။ ဒါပေမဲ့
ရတဲ့ Software ကလည်း crack တွေ serials တွေပါပြီးပါပြီ။ virus လည်း
စိတ်ချရပါတယ်။
freeware တွေလိုချင်တာလား ဒီမှာသာသွားပါ။ lincence key လည်းမတောင်းဘူး၊ လုံးဝကို အရှင်း free ပေးတဲ့ software တွေ လိုချင်ရင် ဒီ site မှာယူပါ။

Sunday, September 9, 2007

Favorite Froums

မြန်မာမှာ ဖိုရမ်တွေ ပိုပိုလို့ ခေတ်စားလာမယ်ထင်တယ်။ Chatting ထက်စာရင် သူက အများကြီး အကြိုးရှိပြီး အများကြီး ဗဟုသုတရတယ်။ အရင်ကဆို planet forum ကလွှဲလို့ ကျန်တာမသိဘူး အခုဆိုရင် များလို့နေပါပြီ။
အခုလည်း မိတ်ဆက်ပေးပါရစေ.. Engslish စာသင်ချင်သူတွေအတွက် unisonity ဆိုတဲ့ ဖိုရမ် ရောက်လာပြန်ပါပြီ။ အကျိုးရမယ်ထင်ပါတယ်။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။


ဆက်မိတ် ဆက်ပေးပါရစေ။ ဒါကအရင်ရှိပြီးသားပါ။ ကွန်ပျူတာပိုင်း အခက်အခဲ ဖြစ်နေသူတွေ အတွက် အကူညီ လိုသူတွေ အတွက်ပါ။