Monday, April 30, 2007

Tag လိုက်ပြီ..

နာလည်း Tag ပြီဟေ့..

ဘယ်သူစထွင်လဲတော့မသိ.. ဘလော့ဂါတွေအတော်အများ တက်နေကြတော့ ကိုလည်း.. လိုက်တက်ရတာပေါ့.. ခေါတ်နောက်ကျတော့မယ်.. မဖြစ်ချေဘူး... ကိုစေတန်ကောင်းမှုလည်းပါတာပေါ့...
..ဟီး.. :D ကိုယ့်ဂုဏ်ကိုဖော်ကြည့်တာ...
  1. ရုပ်ရည်အရည်အချင်း - မြင်သူတိုင်းက တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် ရိုက်ချင်စရာ ကောင်းလောက် အောင် ရုပ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်..
  2. အသံအနေအထား - သီချင်းဆိုလျှင် အဲလက်(စ်)အသံနှင့်မဆင်ပါ...။ စည်သူလွင်နှင့်လည်းမတူပါ..။ အသံကြားရသူတိုင်းက ခွေးဟောင်သံက သည်ထက်နားထောင်လို့ ပိုကောင်းသည်ဟုသာ မှတ်ချက်ပြုကြသည်..။
  3. အပြောအဆို - ပြေပြစ်ချောမွေ့သည်..။ အသံသာသည်..။ နားဝင်ချိုသည်.. အထက်ပါ အရည်အချင်းများ လုံးဝမရှိ...။
  4. သူငယ်ချင်းစုစုပေါင်း.. အင်း... အာရှလူဦးရေကို '0' နှင့်မြောက်ပြီး.. '0' ဖြင့်ပေါင်းလျှင် ရနိုင်သည်..။ (:D စတာ... ဟုတ်ပါဝူး.. နည်းနည်းတော့ရှိတယ်..)
  5. သူငယ်ချင်းများနှင့် စကားပြောဆိုချိန်တွင် ကြိုတင် အလွတ်ကျက်မှတ်ထားသော ကဗျာ စာသားများကို ရွတ်ပြကာ.. ဆရာကြီး ဂိုက်ဖမ်းလေ့ရှိသည်..။
  6. မိန်းကလေးများရှေ့တွင် သူရဲကောင်းလုပ်ပြတတ်သည်..။ ဥပမာ စက်ခန်းချိန်တွင် မိန်းကလေးများရှေ့တွင် လက်ကွက်ကို အရမ်းမြန်အောင် ရိုက်ခြင်းမျိုး...။
  7. သန့်သန့်ရှင်းရှင်း ၀တ်ဆင်မထားတတ်၍ မသိသောသူဆိုလျှင် အမိုက်ကောက်သမားဟု အထင်မှားရလောက်သည်...။ (ထို့ကြောင့် တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် အရိုက်ခံရလောက် အောင် ဖြစ်သည်မှာ.. မထူးဆန်း..)
  8. ကွန်ပျူတာညလုံးပေါက် ဂိမ်းဆော့၊ ဟိုကြည့်ဒီကြည့်လျောက်လုပ်ကာ မနက်ကျောင်းတွင် အိပ်ငိုက်ချိန်တွင် စာများကိုလွှဲချ၊ အလုပ်ကိုလွှဲချ လုပ်တတ်ခြင်း....။

အဲဒါပဲ.. ရှိတော့ဝူး.. :D.. စဉ်းစားလို့ရတော့ဝူး..

အရင်တစ်ခါက Tag လုပ်လိုက်တာက ပြီးစလွယ်လုပ်ခဲ့မိတာကို တောင်းပန်ပါတယ်... ဒီတစ်ခါ အတည်ရေးတာပါ.. ကျွန်တော် နေမကောင်းတုန်း ထရေးလိုက်မိတဲ့ဟာတွေပါ.. အရင်တစ်ခါက..

တွေ့ပြီ..

1. ဘ၀ခရီး

ဆရာတော် နှစ်ပတ်လည်

ကျေးဇူးရှင်ဆရာတော် ဘုရားကြီး၏ နှစ်ပတ်လည် ဆွမ်းကပ်ပွဲ

ဘာလိုလိုနဲ့ ဆရာတော်ကြီးရဲ့နှစ်ပတ်လည်တောင် ငွေရတုမြောက်တော့မယ်.. ဆရာတော်ကို ရည်မှန်းပြီး ကျွန်တော် ဦးသုံးကြိမ်တိုက်ကာ.. ဘုရားခန်းမှထွက်ခဲ့သည်..။

စာများ ကောင်းအောင်ဖွဲ့နွဲ့မရေးတတ်ပါ၍ ဖိတ်စာအတိုင်းသာ ရေးပါတော့မည်..။ ကြားရာအရပ်မှ MBOA ကျောင်းသား ဟောင်းများ..


ကျေးဇူးတော်ရှင် ငါးစို့တိုက် မိဘမဲ့ကျောင်း ဆရာတော်ဘုရားကြီး၏
(၂၂)ကြိမ်မြောက်
နှစ်ပတ်လည်ဆွမ်းကပ်ပွဲ
ပင့်လျှောက်ဖိတ်ကြားလွှာ

၂၀၀၇ - ခု၊ မေလ (၅)ရက်၊ နံနက် ( )နာရီ
ငါးစို့တိုက် ပြည်ကြီးမျက်ရှင်ရပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

ဦးစန္ဒိမာနှင့် အမ်.ဘီ.အို.အေ အမှုဆောင်အဖွဲ့
မိဘမဲ့ကျောင်း၊ ငါးစို့တိုက်
မန္တလေး ချမ်းအေးသာစံမြို့နယ်။

Friday, April 27, 2007

un-Happy Day

ငါဒီနေ့ကစပြီးကြည့်မရတော့တဲ့သူ

တောက်.. !!!

ခေါင်းစဉ်က နည်းနည်းပြင်းသလိုထင်ချင်ထင်မယ်.. တကယ့်ကိုကြည့်မရတော့တာပါ..

ညက ၁၂ နာရီလောက်မှ အလုပ်သိမ်းတယ်.. မန်ယူပွဲလေးရှိတာ ကြည့်ချင်လို့ ကြည့်လိုက်မိသွားတယ်.. ခေါင်းတွေလည်းကိုက်နေပြီ.. မနက်ခင်းအိပ်ရာထတော့ လူက မလန်းဘူး.. ဖျားချင်နေတယ်.. ဒါနဲ့ ကားဂိတ်ကို ခါတိုင်းထက် စောစောသွားပြီး.. မစီးစဖူး.. မန်လုံကားအသေးလေးကို ၀င်စီးတယ်... လူကမှနေမကောင်းတာ ကို.. ကားပေါ်မှာအိပ်လိုက်သွားလိုက်တာ.. ကျောင်းရောက်မှနိုးတယ်.. နေမကောင်းလို့ ညနေဒီလို လေလုံတဲ့ တစ်နေရာရာမှာ ထပ်လိုက်မှဖြစ်မယ်ဆိုပြီး.. သူများတွေလို စာအုပ်လေးချပြီး နေရာဦးထားမလား စဉ်းစားမိတယ်.. စာအုပ်ချထားစရာ ဟိုစာအုပ်ဒီစာအုပ်လည်းမပါ.. တစ်ခါမှလည်း မဦးဖူးပါဘူး.. အဲဗျာ.. ဦးတယ်ဆိုပြီး ICS စာအုပ်ချထားခဲ့မိလိုက်ပါတယ်..

ကျောင်းခန်းထဲလည်း. မရှိမဲ့ရှိမဲ့ သူငယ်ချင်းလေး ၂ ယောက်ကလည်း မလာ.. တနင်္လာနေ့ ကျွန်တော် မလာလို့ဆိုပါတယ်.. သူတို့လည်း မလာတော့ဘူးပေါ့... စာလည်းခေါင်းထဲမရောက်နိုင်ခဲ့ပါဘူး..

လိုရင်းက ညနေကျောင်းဆင်းမှာပါ... ကျောင်းဆင်းတော့ ကားပေါ်သွားတော့ အဲ.. ဗျာ.. ကိုယ့်နေရာက မရှိတော့ဘူး.. သူများစာအုပ်တွေချထားတယ်.. ဟိုက်.. ငါ့ ICS တော့သွားပါပြီထင်မိတယ်... ဟိုးအနောက်ကို လှမ်းကြည့်တော့ လွှင့်ပစ်ထားပုံပေါက်တယ်... စာအုပ်ကသူများခြေထောက်အောက်မှာ.. စာရွက်တွေလည်း လှန်နေတယ်..

တောက်.. !!!..

ကျွန်တော်စိတ်ထဲ နည်းနည်းတင်းသွားသည်.. ICS ကအတန်းပိုင်ဆရာမစာအုပ်ပါ.. ကျွန်တော့်ကိုသိတော့ သူ့ဘာသာလေး တခြားစာတွေထက် ဦးစားပေးမိတာအမှန်ပါ..
ကျွန်တော် မအီမသာနဲ့ စာအုပ်သွားကောက်ပါတယ်.. ကားပေါ်ကဆင်းပြီး.. နေပူလို့ အဲဒီကားရဲ့ နေကွယ်တဲ့ဖက်ကို ကျွန်တော် အသာသွားထိုင် နေလိုက်တယ်.. စာအုပ် အလွှင့်ပစ်ခံရတယ်ဆိုတော့ နည်းနည်းတော့ သိပ်မကျေနပ်မိတာအမှန်ပါ.. ထားပါ.. ကျွန်တော် စိတ်မဆိုးသေးပါဘူး..

ကားပေါ်မှာ ထပ်ကြားရတဲ့အသံက..

“ဒီမှာ နင့်နေရာ... ငါဦးထားတာနော်.. ခုနက ဟိုကောင့်ကို ငါပထုတ်ပြီး ဦးပေးထားရတာ..”

ကျွန်တော် ခေါင်းနပန်းကြီးသွားပါသည်.. တောက်.. !!!
သူဖွန်ကြောင်ဖို့အတွက် ငါကဘာကောင်လဲ..
အသံကယောက်ျားလေးအသံ... မိန်းကလေးတစ်ယောက်ကို ပြောနေသည့်အသံ..
ကျွန်တော် မြန်မာမှာနေပါတယ်.. ဒီနေရာမှာ ကျွန်တော်ထိုင်ချင်လို့ပါဆိုရင် ကျွန်တော်နေရာဖယ်ပေးမှာပါ.. တကယ်ပါ..
သူတို့ဆက်ပြောတာကို ကျွန်တော်ထပ်မကြားချင်တော့ပါ..
အဲ့ကောင်မျက်နှာကိုလည်း မကြည့်ချင်တော့ပါ.. မြင်လျှင် ကျွန်တော်တက်ရန်ရှာမိလိမ့်မည်..
ချက်ချင်းတွေ့ရာ ကားခေါင်မိုးပေါ်ကျွန်တော် တက်ပြေးပါတော့တယ်.. သူ့လိုလူအတွက် ကျွန်တော် ၀မ်းနည်းရမှာလား.. စိတ်ဆိုးရမှာလား.. ကားခေါင်မိုးပေါ်ဘယ်သူမှ မရှိတော့ ကျွန်တော်ပက်လက်ကလေး အိပ်ရင်း မနည်းစိတ်ကို ထိန်းထား.. ဖြေသိမ့်နေရပါတယ်..

အော်.. သူ့အသိုင်းဝိုင်းက ဒီလိုပဲနေမှာပေါ့လေ..

ဘာလို့လဲမသိဘူး.. အဲနေရာကို ကျွန်တော်လှမ်းကြည့်မိတယ်.. ရှမ်းလိုလို.. တရုတ်လိုလိုကောင်.. ကောင်မလေးနှင့် စကားပြောနေသည်.. သူတို့နှစ်ယောက် အတော်ခင်ကြပုံတော့ပေါ်ပါသည်.. မှတ်ထားမည်.. အဲ့ကောင်မျက်နှာကို..

အမှတ်မထင်ပါပဲ.. ကျွန်တော့်ဒေါသတွေပြန်ထလာပါတော့တယ်..

ဟိုဖက်ပြန်လှည့်ပြီး.. ပြန်ပက်လက်လန်အိပ်ထားလိုက်ပါတယ်.. အရှုးတစ်ယောက်လိုပါပဲ.. ဖြစ်နေတာက..

ကားလည်းထွက်နေပါပြီ... ကားထွက်တော့ အိပ်မရတော့တာနဲ့ ထထိုင်ပြီး.. လေတွေကလည်း.. ရင်ဘတ်ကိုတိုက်လို့ ဘယ်နေ့လေဖြတ်မယ်မသိပါ.. ဒါနဲ့ ဟိုဟာဒီဟာ.. လျောက်တွေးရင်း.. အိမ်ပြန်ရောက်ခဲ့ပါတယ်..

Thursday, April 19, 2007

Use G-talk with Psi Or Jabbin

Use G-talk With Psi Or Jabbin


ဒီနေ့အလုပ် ပြန်ဝင်တော့ Connection မကောင်းဘူး.. ဒါနဲ့ အရင် G-talk မရတုန်းက ကိုခွန်လှဖေ ကျွန်တော့်ကို ပြောပြသွားတဲ့ Psi ကနေ၀င်တာလေးကို ပြန်ပြီးလုပ်ရပါတော့တယ်.. အဲ.. အဲ.. အဲဒီတုန်းကဆိုလို့ပြောရအုံးမယ်.. သူများဆီကနေ ကျွန်တော်ကော်ပီလုပ်တာ မဟုတ်ပါ.. ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်မှာ ဒီ Psi ကို G-talk မရတဲ့အချိန်တုန်းက သုံးတဲ့နည်းကို စခဲ့တာပါ.. နောက်ဘယ်လိုဖြစ်မှန်း မသိဘူး. မန္တလေးက ရှိသမျှ Cyber တွေအကုန်လုံးလိုလို ဒီ Psi နဲ့ချဉ်းသုံးကုန်ကြတော့တယ်.. ဟီး.. ဟီး.. ပြောချင်တာက ကျွန်တော်ပျော်တာပေါ့.. ကိုယ်ကိုတိုင် တီထွင်ထားတာမဟုတ်ပေမဲ့ ကိုယ့်ကြောင့်သူတို့လည်း သုံးနိုင်ကြတာကိုလေ.. သူတို့ဘာသာ သူတို့ download လုပ်ပြီး သုံးတာလားဆိုရင် Psi က ပုစံအမျိုးမျိုးရှိတယ်.. အခုဟာ ကျွန်တော် donwload ချခဲ့တဲ့ Psi နဲ့ ပုံစံတစ်ထပ်ထည်းပဲ.. download ချလို့ရမယ်ဆိုရင် အများစုက .exe ဖိုင်နဲ့.. စာဖတ်သူတို့လည်း G-talk ၀င်ရတာ အဆင်မပြေရင်တို့ Connection မကောင်းတဲ့ အချိန်တို့ဆိုရင် အတော်လေးကို ကြာပြီး စိတ်ရှည်ချင်စရာ မကောင်းလှဘူး ဆိုတာ သိကြမှာပါ.. Psi က မဆိုးဘူး.. Connection မကောင်းဘူးဆိုရင်တောင်မှ သူက တက်နေတယ်.. အဲ.. ယှဉ်သုံးကြည့်ပါ.. Connection မကောင်းတဲ့အချိန်မှာ Psi မှာ လေးငါးကြောင်းက တက်နေပြီ.. G-talk ကမတက်သေးဘူး.. Jabbin ဆိုတာလည်းရှိပါသေးတယ်.. သူက Voice Service ပါတယ်.. မစမ်းဖူးဘူး.. ရမရဆိုတာလေ..

အရင်ဆုံး Psi ကို ဒီမှာ download လုပ်ယူပါဦး.. Jabbin လည်းရပါတယ်.. အတူတူပါပဲ.. Jabbin က Voice ပါတယ်..

အဲ.. ကျွန်တော်ကိုယ်တိုင်တော့ Chatting ထိုင်ရတာငြီးငွေ့နေပါပြီ.. :D တနယ် တစ်ခြားကို ရောက်နေတဲ့ သူငယ်ချင်းကို ဆက်သွယ်ဖို့လောက်ပဲ သုံးတော့တယ်...


စရအောင်...

အဆင့် ၁ ။ ။ Default ဆိုတဲ့ box မှာ ကြိုက်ရာနာမည်ပေးပါ.. ကျွန်တော်က ကျွန်တော့်နာမည်.. ရိုက်ထည့်ရလိုက်ပြီ..
ပြီး ရင် Add ကို Click လိုက်မယ်..

အဆင့် ၂ ။ ။ Name ဆိုတဲ့ Box မှာ g-mail ရိုက်ထည့်ပါ.. Password : gmail password ရိုက်ပါ.. ပြီးရင် Connection ဆိုတဲ့ Box ကိုသွားပါ..

အဆင့် ၃ ။ ။ advanced box ထဲက ဟာတွေအကုန်လုံးကို check လိုက်ပေးပါ..
အရေးကြီးပါသည်.. host မှာ ဒါရိုက်ထည့်ပါ..

host : talkx.l.google.com:443
port : 5223

ပြီးရင် Edit ကို click ပါ..
box နောက်တစ်ခု ထပ်တက်လာပါမယ်.. New ကို click ပါ..

host : ပုဂံက ပေးတဲ့ IP လေးရိုက်လိုက်ပါ.. (:D ကျွန်တော့်ဟာလေး မဖော်ရဲလို့ .. )
port : port ကိုလည်းရိုက်ထည့်လိုက်ပါ.. (များသောအားဖြင့် မန္တလေးဆိုရင် 9090 ၊ ရန်ကုန်ဆိုရင် 8080 .. အဲ.. ပုဂံကချပေးထားတာပါပါတယ်.. ရှာရှည်ကြည့်တာ... :D..)

ပြီးရင် Save နောက်တစ်ခါလည်း Save..
အဲဒါပဲ..

အဆင့် ၄ ။ ။ Offline ကနေ Online ကိုပြောင်းလိုက်တော့ ခဏစောင့်လိုက်.. :)

Monday, April 16, 2007

Funny Mathematic

အမြောက် တွက်နည်းလေးတစ်ခု


Meatcafe ကနေတွေ့တဲ့ အမြောက်တွက်နည်းလေးပေါ့.. အထူးအဆန်းကြီး မဟုတ် အသုံးဝင်ချင်မှ ၀င်ပေမဲ့... ပျော်စရာလေးမို့ ပြန်ပြ ပေးလိုက်ပါတယ်.. ဒီလိုပါ.. နားမလည်ရင် ပြန်မေးပါ.. :D ရပါတယ်.. ကျွန်တော်လည်း နားလည်နိုင်မယ်ထင်သလို လုပ်ထားတာပဲ.. အောက်က အပုံ နှစ်ခုကို ယှဉ်ကြည့်ပြီး ကျန်တဲ့ဟာ တွေကို အဲလို တုတ်ချောင်းလေးတွေနဲ့ မြောက်နိုင်မယ်ထင်တယ်.. နောက်ပြီး ကျွန်တော်ထင်တယ်.. ( x ) ဆိုတဲ့ လက္ခဏာဟာလည်း အဲဒါကနေစတာလားမသိဘူး.. :D... ဘာပဲ ဖြစ်ဖြစ်ပါ.. ပျော်စရာနည်းလေးတစ်ခုပေါ့...





- ပထမ ၂၂ နဲ့ ၁၃ မြောက်ပုံလေးကို ကြည့်ပါ....။

၁။ ၂၂ မှာ ( ရယ် ရယ်နော်...) ပထမ အတွက် တုတ် အနီရောင်လေး နှစ်ချောင်းကို ဆွဲတယ် နောက် နည်းနည်း ခြားပြီး နောက် အတွက် တုတ်နောက်ထပ် နှစ်ချောင်းထပ်ဆွဲလိုက်တယ်...

နောက်ပြီး အဲဒီ တုတ် နှစ်ချေင်းကို ကန့်လန့်ဖြတ်ပြီး...

၂။ ၁၃ မှာ ( ရယ် ရယ်နော်.. ) ပထမ အတွက် တုတ်အပြာရောင် တစ်ချောင်းဆွဲတယ်.. ဒုတိယ အတွက် တုတ်အပြာရောင် သုံးချောင်းကို ထပ်ဆွဲတယ်နော်...

၃။ ပထမ ဘယ်ဘက်ဆုံးမှာ တုတ်တွေဖြတ်သွားတဲ့ ဆုံမှတ် ( အ၀ါရောင် နဲ့ ပိုင်းပြထားပါတယ်.. ) က ( ၂ )ခုရှိပါတယ်.. အဲတော့ အဲမှာ ( ) လို့မှတ်ထားပါ.. (မှတ်ပြထားပါတယ်.... )

၎။ ဒုတိတယ် ညာဘက်ဆုံးမှာ တုတ်တွေဖြတ်သွားတဲ့ ဆုံမှတ် ( အ၀ါရောင် နဲ့ ပိုင်းပြထားပါတယ်.. ) က ( ၆ ) ခုရှိပါတယ်... အဲတော့ အဲမှာ ( ) လို့မှတ်ထားပါတယ်..

၅။ အလယ်မှာ ကျန်နေတဲ့ ဆုံမှတ်တွေကို ရီကြည့်ပါ.. ( ၈ ) ခုရှိပါလိမ့်မယ်.. အဲတော့ အလယ်မှာ () လို့မှတ်လိုက်ပါတယ်..

အဖြေက အဲဒါပါပဲ... ( ၂၆၈ ) ပါ.. (သက်သေပြပုံပါပါတယ်.. ဘေးမှာ .. :D )

( မှတ်ချက် ။ ။ ဘယ်ထောင့်က ဆုံမှတ်များကို ရီပြီး ညာဘက်ထာင့်ကဆုံမှတ် ပြီးမှ အလယ်ကို သွားရသည်.. ဘယ်ထောင့်ပြီး အလယ်ကို ချက်ခြင်းသွား၍ ရီလို့မရပါ.. အောက်မှာ ဆက်ကြည့်ပါဦး.. )






၁။ ၂၁၃ နဲ့ ၂၃ မှာ တုတ်ချောင်းတွေကို ဆွဲလိုက်ပြီ.. တုတ်ချောင်းတွေ ဆွဲတာကတော့ .... နားလည်သွားလောက်ပါပြီ..

၂။ ပထမ ဘယ်ဖက်ဆုံးက ဆုံမှတ်တွေ .. ၄ ခုရှိတယ်..

ညာဖက်ဆုံးက ၉ ခု

နောက် ဒုတိယ ဘယ်ဖက်က ၈ ခု

နောက် ဒုတိယ ညာဖက်က ၉ ခု

၃။ အဖြေက ၄၈၉၉ မယုံရင် ဘေးနားမှာ သက်သေပြထားတာပါတယ်... ကိုယ်တိုင်ချတွက်ချင်လဲတွက်...






တတိယပုံမှာတော့ နည်းနည်း ဂရုထားကြည့်ပါ..

၁။ ဘယ်ဖက်ဆုံးက ဆုံမှတ်တွေ ၄ ခု (အ၀ါရောင်နဲ့ ၀ိုင်းပြထားပါတယ်..၊

ညာဖက်ဆုံးက ဆုံမှတ် ( အစိမ်းရောင်နဲ့ ၀ိုင်းပြထားပါတယ်..) ၆ ခု။

ဒုတိယဘယ်ဖက်က ဆုံမှတ်တွေ စုစုပေါင်း ၁၂ ခု၊

ဒုတိယညာဖက်က ဆုံမှတ်တွေ စုစုပေါင်း ၁၃ ခု။

အဲဒါတွေကို စီလိုက်ရင် ဒီလိုနော်.. ( ၁၂ ၁၃ ) အဲလိုနော်..

( ) ရှေ့ဆုံးကဟုတ်ပြီ.. နောက် ဆယ်ဂဏန်းကိုကြည့်.. ( ၁၃ ) တစ်ဆယ်ထက်ကျော်နေတယ်.. အရှေ့ ( ) ကို နောက် ရာဂဏန်း ( ၁၂ ) မှာသွားပေါင်း

ဒီလိုလေးရလာမယ်... ( ၁၃ )

( ၁၂ ) ကနေ ( ၁၃ ) ဖြစ်... ရာဂဏန်းကလည်း တစ်ဆယ်ကျော်နေတယ်.. အဲတော့ အရှေ့က ( )ကို ထောင်ဂဏန်း ( )မှာသွားပေါင်းတော့ နောက်ဆုံး ထောင်ဂဏန်းက ( ) ဖြစ်သွားမယ်..

နောက်ဆုံးဒီလိုပေါ့.. ( )

မယုံရင် ချမြောက်ကြည့်.. :P



Friday, April 13, 2007

Hide User Account

Hide User Account from Welcome Screen

မီးပျက်နေလို့ ပို့အသစ်တွေ မတင်ဖြစ်တော့ဘူး.. ဒီနေ့တော့ မီးလာလို့တင်ဖြစ်သွားတယ်.. :D

အလုပ်မှာ User Account တွေ Disable ဖြစ်တဲ့ ပြသနာနဲ့ တွေ့နေ့လို့ သတိရပြီး ဒီပို့ကို တင်ဖြစ်သွားတာပါ..

Window XP ရဲ့ Welcome Screen မှာ User Account ကိုတွေကို ဖျောက်ထားလိုက်လို့ရပါတယ်.. အဲ ဖျောက်ထားရင် ဘယ်လို login လုပ်မလဲဆိုရင် Ctrl + Alt + Delete ကိုနှိပ်ပြီး အရင် 98 တို့ Me တို့မှာအတိုင်း Box လေးကနေ ၀င်လို့ရပါတယ်.. အဲဒါထားပါ.. ကဲ ဘယ်လိုဖျောက်လဲဆိုတာ စလိုက်ကြရအောင်..

ဥပမာ Welcome Screen မှာ User Account က Google နဲ့ Yahoo တို့ ရှိနေတယ်ဆိုပါစို့... သင်က Yahoo ဆိုတဲ့ User Account ကို ဖျောက်မယ်... Google ကို ချန်ထားမယ်..

start -> run -> regedit

ဆိုပြီး Registry Key ထဲဝင်လိုက်ပါ... ဒီကိုထပ်သွားပါ...

HKEY_LOCAL_MACHINE\Software\Microsoft\WindowsNT\CurrentVersion\Winlogon\SpecialAccounts\UserList

( note ။ ။ အဲ... Registry ကို Backup လုပ်ထားဖို့ မမေ့နဲ့ဦးနော်.... ပြသနာတွေတက်သွားနိုင်တယ်... မှားလုပ်မိမယ်ဆိုရင်... :D ကျွန်တော့ိကို အပြစ်မတင်နဲ့နော်.. )

အဲထဲမှာ right click နဲ့ DWORD value အသစ်တစ်ခု ယူလိုက်ပါ.. ယူတဲ့ Value Name ကို ( Yahoo ကိုဖျောက်ချင်တာနော်.. အဲဒါကြောင့် ) Yahoo လို့ ပေးလိုက်.. (သင့်ဆီမှာ ရှိနေတဲ့ ဖျောက်ချင်တဲ့ User name ကို အတိအကျပေးရပါမယ်.. )

အဲလို ပေးပြီးတော့ value ကို -----

0 - ဆိုရင် ဖျောက်မယ်..
1 - ဆိုရင် ဖော်ထားမယ်..

ကဲ.. value ကို 0 ပေးပြီး စက်ကို Restart ပေးလိုက်....

ပြန်တက်လာရင်ကြည့်လိုက်... :D အဲဒီ ဖျောက်ထားတဲ့ User Account ကို ၀င်ချင်တယ်ဆိုရင်တော့ အပေါ်မှာပြောထားတဲ့အတိုင်း Ctrl + Alt + Delete ကိုနှိပ်ပြီး ၀င်ရပါလိမ့်မယ်...

တာ့တာ... ဒီနေ့.

Saturday, April 7, 2007

Manage Windows Passwords

Manage Windows Password

အရင် ပလန်းနက် ဖိုရမ်ထဲမှာ ကျွန်တော်ပြောပြီးသားဟာကြီးပါ... သိပြီးသာသူတွေကိုမရည်ရွယ်ရပါ... အများသိကြပါစေဆိုပြီး တင်ထားပါ့မယ်॥

Command line ကနေ Password Change မယ်॥
Start -> Run -> cmd
Command Prompt ကြီးတက်လာမယ်॥
ဒါလေးတွေထပ် ရိုက်လိုက်ပါ...
အဲ.. Administrator က password ကို Change ချင်တယ်ဆိုရင်တော့..
ဒါမျိုးရိုက်လိုက်ပါ.....

net user administrator *
type a password for the user : ပေးမဲ့ password အသစ်ရိုက်ထည့်ပါ
Retype the password to confrim : နောက်တစ်ခါထပ်ရိုက်ပါ

အခုလက်ရှိသုံးနေတဲ့ User account ကို change ချင်တယ်ဆိုရင် administrator နေရာမှာ အခုသင့်ရဲ့ User account နာမည်ကိုသာ ရိုက်ထည့်ပြီး စမ်းကြည့်ပါ.... Guest ကိုပါပေးလို့ရတယ်...

နောက်တစ်ခုက စမ်းကြည့်ပါ... Administrator ကို Guest ဖြစ်သွားအောင်...
Guest ကို Administrator လိုဖြစ်အောင်... Guest ကို Password ပေးအုံးမလား ရတယ်...

Start -> Run -> control userpasswords2

တက်လာတဲ့ Box မှာမွေကြည့်ပါ.... တွေ့ပါလိမ့်မယ်... သင်ကြိုက်သလို user account တွေကို change လို့ရတယ်ဆိုတာ...

ပျော်ရွှင်ကြပါစေ...

With 2 Internet Connection

Internet Connection နောက်တစ်ခု

မန်းသူမန်းသားတို့ကိုကြိုဆိုပါတယ်.. အခု ကျွန်တော်တို့ Future Sky မှာ နောက်ထပ် Inernet Connection နောက်တစ်ခုကို ထပ်မံချိတ်ဆက်လိုက်ပါပြီ လာရောက်စမ်းသုံးကြည့်ဖို့ဖိတ်ခေါ်ပါတယ် အရင်က Broadband အခု နောက်ထပ် ADSL တစ်ခုကို ထပ်ချိတ်လိုက်ပြီဖြစ်ပါတယ်... Yahoo mail တို့ G mail တို့ကို သူ့ရဲ့မူရင်း Standard အတိုင်းသုံးလို့ရအောင် လုပ်ပေးထားပါတယ်.. လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျား...

Friday, April 6, 2007

Unlucky Day

စာမေးပွဲနောက်ဆုံး ပြသဒါးနေ့
ဒီနေ့ကံကိုမကောင်းပါဘူး... စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ပျော်ရမလားအောက်မေ့တယ်... ဆရာမအငေါက် ခံရတာနဲ့ ဘယ်လိုမှကို ပျော်အောင်နေလို့ကိုမရပါဘူး...
အဖြေလွှာထအပ်လို့ အငေါက်ခံရတာ.... ၀ူး... စဉ်းသာစားကြည့်... စိတ်ထဲအောက်သီးအောက်သက်နဲ့ ....
အခန်းထဲဝင်ဝင်ခြင်း စဖြေရကတည်းပြောနေလိုက်တာ... ဘာမှန်းကိုမသိဘူး... ဖြေလာတာ (၂)နာရီကျော်တော့ ခါတိုင်းနေ့ အရင်ဆရာမတွေဆို ဆင်းလို့ရပြီ... ဆရာမတွေကလည်း ဆင်းခိုင်းတယ်.... ဘာမှမပြောဘူး... ဖြေးဖြေးဆင်းလို့တောင်ပြောသွားကြသေးတယ်.... ဒီဆရာမနဲ့ကြမှ အသံကျယ်ကျယ်ကြီးနဲ့ ..... “ ဘယ်သူမှမဆင်းရဘူး..... ဆင်းရဲရင်ဆင်းကြည့်..... ဆရာမအကြောင်းသိသွားမယ်.....” (မှတ်ချက် ။ ။ ကျောင်းသား ၁ ယောက်စ ၂ ယောက်စ စကားနည်းနည်းပြောတာက လွှဲ၍ မည်သူမှ သူ့အား ဂလန်ဂဆန် မလုပ်သေးပါ.. ရောက်ရောက်ချင်းကတည်း သူ့ဘာသာ စိတ်ဆိုးဆိုးနဲ့ ကျွန်တော်တို့အားဟောက်နေပါသည်...) ဆက်ပြောပုံကိုကြည့်ပါ... “မင်းတို့မကျေနပ်ရင် အထက်ကိုတိုင်မယ်လား... ရတယ်.... ဆရာမတိုင်နည်းတောင်ပြောပြလိုက်အုံးမယ်.... အေး... ဆရာမကိုလုပ်ရင်တော့ အဲဒီကျောင်းသားလည်း ပြန်ပြီးတော့ အလုပ်ခံရမှာပဲ... ဆရာမတို့ဌာန မှာအလုပ်ပြုတ်တာမရှိဘူး.. နာမည်ပျက်တာပဲရှိတယ်.. ” “မင်းတို့ 1st Year တွေက မိုက်ရိုင်းတယ်... ဆရာမတို့က ကျောင်းသားသဘာဝ ဆိုးတာကိုလက်ခံတယ်.. မိုက်ရိုင်းတာကို လက်မခံဘူး...” သူ့ဘာသာသူပြောနေလိုက်တာ... အဲဒီ (၂)နာရီကျော်ကျော်အချိန်ထိ... ဘယ်သူကများ သူ့ကို မိုက်မိုက်ရိုင်းရိုင်းလုပ်သေးလို့လဲ... ပြီးတော့ သူပြောထားပါသေးတယ်.. အကုန်လုံး တစ်တန်းလုံးသိတယ်.. သူပြောထားတာကဒီလို.. “အဖြေလွှာကို အပ်ချင်ရင်အပ်ထား.. မဆင်းရသေးဘူး... အေး... မင်းတို့ဘာသာ မဖြေတော့ဘူး... တော်ပြီ... ဆိုရင်တော့ အဖြေလွှာအပ်ထား ရတယ်... ဆင်းတာတော့မဆင်းခိုင်းဘူး...”ဆိုပြီး သူပဲပြောထားတယ်.. တစ်ခြားအခန်းက ကောင်တွေဆင်းလာတာမြင်တော့ သူပြောထားတာပါ.. ကျွန်တော်လည်း (၂)နာရီ (၁၅)မိနစ်လောက်မှာ နာရီကြည့်ပြီး မဖြေတော့ဘူး.. ဆိုပြီး အဖြေလွှာထအပ်လိုက် ပါတယ်.... ဒီဘေးကဆရာမကိုပါ.. အဲဒီဟောက်နေတဲ့ဆရာမကိုမဟုတ်ပါဘူး... အဲဒီဆရာမလေးလည်း မယူဘဲနဲ့ ဟို ဟောက်နေတဲ့ဆရာမကို လှမ်းကြည့်တယ်.. ဆရာမလည်း.. နာရီတွေလာမကြည့်နဲ့ ဆရာမနာရီနဲ့ ဆရာမ အလုပ်လုပ်နေတာ.. မအပ်ရသေးဘူး.. ဒီမှာ ဆရာမ ကျောင်းအုပ်ဆရာမကြီးဆီသွားမေးခိုင်းထားတယ် မင်းတို့ အဖြေလွှာကိုသိမ်းတော့ဆိုရင် ဆရာမတို့သိမ်းမယ်... ............. ............. ............. ” ဘာညာဘညာဆိုပြီး ပြောသွားလိုက်တာဗျာ.. ကျွန်တော့်မှာ ရှက်လိုက်တာ... တစ်ခန်းလုံး အရှေ့မှာ အငေါက်ခံလိုက်ရတာ.... ပြီးတော့ အကြာင်းအရင်းကိုလည်းကြည့်အုံးလေ.. အဖြေလွှာထအပ်လို့ အငေါက်ခံရတာ... ဆင်းချင်ရင် ၀န်ကြီး လက်မှတ်ယူခဲ့တဲ့ ဆင်းခိုင်းမယ်တဲ့ ... ဘယ်သူ့သားသမီး.. ဖြစ်ဖြစ်ဆရာမကမကြောက်ဘူးတဲ့...
ကျွန်တော့်ကို ဟောက်ပြီး အတန်ကြာပြီးနောက်မှာ
သူကမေးတယ်.. “မင်းတို့တွေ အချိန်ဇယားပြောင်းထားတယ်သိလား..” အဲဒါကိုနောက်ကကျောင်းသား တစ်ယောက်က “သိပါတယ်...”ဆိုပြီး.. လည်ချောင်းရှင်းတဲ့အသံနဲ့ ... ထားပါ.. အသံနည်းနည်း ပုံမှန်မဟုတ်ဘူး.. ဖြစ်သွားတယ်... အဲဒါကို.. လည်းဟောက်လိုက်တာ.. စုံနေတာပဲ... ပြောပါတယ်.. ဘာတဲ့.. မင်းကို ရုံးခန်းမပို့ဘူးတဲ့..... ဆရာမက ရုံးခန်းပို့တဲ့ ဆရာမမဟုတ်ဘူးတဲ့ မင်းကိုတရားစွဲမှာတဲ့... မင်းတို့လောက်တော့ သနားတယ်.. မင်းတို့ကို ထိန်းမရရင်.. ဆရာမကိုယ့်ကိုယ်ကို သတ်သေပစ်မယ်တဲ့... ကျွန်တော်လည်း နောက်ကနေတိုးတိုးလေးပြောပါတယ်.. သူဟောက်မှာကြောက်လို့ “တကယ်လား ဆရာမ...”လို့... အဲဒါကိုကျွန်တော့်တို့ Physics ဆရာမ ကြားသွားဟန်တူပါတယ်.. ကျွန်တော့်ခေါင်းအသာလေး လာခေါက်ပါတယ်... ၂ ခွဲ ကျော်ကျော်လောက်လဲရောက်ကော.. ထွက်မဲ့ကောင် မတ်တပ်ရပ်ဆိုပြီး.. စာအုပ်တွေလိုက်သိမ်းပါတယ်.. ရပ်လိုက်တာ.. အကုန်ပါပဲ... ထွက်နေတုန်း လူရှုပ်နေတုန်း... အော်သံကြားလိုက်ပါတယ်.. ကြောက်ပါတယ်ဆိုနေမှ ဖြဲခြောက်နေတာတဲ့... ဆရာမတော့ဘယ်လိုတွေဖြစ်ပြီး ကျန်နေခဲ့မှန်းမသိပါဘူး... ကျွန်တော်တော့ အပြင်ရောက်နေပြီ... အော်.. 1o4 (OOP) ဖြေတဲ့နေ့ကံကို မကောင်းပါဘူး.. စိတ်ညစ်ညစ်နေ့ ကားခေါင်မိုးပေါ် ကျွန်တော် တစ်ယောက်ထည်း သွားအိပ်နေမိတယ်...
အော်.... အချိန်ဇယားပြောင်းတာဆိုလို့ ပြောရအုံးမယ်.. သူတို့အချိန်ဇယားပြောင်းလိုက်တာက ကျောင်းကို ၈ နာရီတက်မယ်တဲ့ ကားဂိတ်ကို ၆ နာရီ ၄၅ အရောက်လာရမယ်... သွားပြီ.... ကျွန်တော့် လုပ်ပုံနဲ့တော့ ဘယ်လိုမှ ကိုက်မယ်မထင်ဘူး... အိပ်ရာကတောင်ထမှာမဟုတ်သေးဘူး.... ၇ ခွဲလာရတာတောင်မှ မမီတမီ...နောက်ပြီး ကျွန်တော်တို့ခန်းကျမှ Lab ချိန်က ၁ ချိန်ထည်းပါတော့တာ.. ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး.. ကျွန်တော့် တစ်ချို့သူငယ်ချင်းတွေကျတော့ ဘယ်လိုလုပ်မှာလဲ... တစ်ပါတ်မှ Lab က တစ်ချိန်ထည်းဆိုတော့ ဘာမှလုပ်မရဘူးပေါ့... အရင်က ၂ ချိန်ပါပဲ.. ၂ ချိန်တောင် သူတို့ဘာမှကို ထူးထူးခြားခြားဖြစ်မသွားတာ ၁ ချိန်ထဲဆိုရင်တော့...
ဟို.... ထမင်းစားနေကျ တမာပင်အောက် ကျောက်တုံးပေါ်မှာရေးထားသလိုပဲ.. အော်လိုက်ချင်ပါတယ်... “ကျောင်းကြီးကို စိတ်ကုန်တယ်....လို့

Wednesday, April 4, 2007

Movie

ဒုတိယရေသောက်မြစ် ဇာတ်ကား
အတော်ရှုပ်တဲ့လူတွေ ကန်နေကြဘောလုံးလေးတောင် ကောင်းကောင်းမကန်ရဘူး... သူတို့ ဇာတ်ကားလာ ရိုက်တာနဲ့ပဲ... နေရတာကြပ်လာသလိုပဲ......။
မင်းသားတွေကတော့ဘယ်သူတွေလဲတော့မသိပါဘူး..... ကျောင်းကပြန်လာတော့..... လူတွေဝိုင်းအုံနေကြ တယ်... ဘာတွေလဲပေါ့... အဝေးကနေလှမ်းကြည့်လိုက်ပါသေးတယ်..... ဦးဇင်းတစ်ပါး.... ထီးတွေလည်း အပေါ်ကကာထားတယ်... ကျောင်းသားတစ်ယောက်မေးကြည့်တော့... ဗွီဒီယိုရိုက်နေတာတဲ့... အနီးနားသွားကြည့်တော့... ဦးဇင်းကြီးက လူရွှင်တော်ကုသိုလ်ကြီးဗျာ... သင်္ကန်းတွေဘာတွေဝတ်ထားတယ်... ကတုံးကြီး.... မင်းသားကဘယ်သူလဲဆိုပြီး ပတ်ဝန်းကျင် လှည့်ရှာကြည့်တယ်... နာမည်ကြီးမင်းသားမင်းသမီး တော့မတွေ့ဘူး... မြတံခွန်နှင့်အောင်သန်းဆုရွေးချယ်သော သရုပ်ဆောင်သစ်များ ရိုက်ကူးရေးအဖွဲ့တဲ့... ကားပေါ်မှာ... နောက်ခံအစိမ်းနုရောင်နဲ့ ထင်းထင်းကြီး စာတန်းကို ကားပေါ်မှာကပ်ထားတာ.... ဗွီဒီယိုရိုက်နေတာဆိုတော့ အစက အိန္ဒြိာကျော်ဇင်တို့ဘာတို့များပါမလားပေါ့... သရုပ်ဆောင်သစ်ဆိုတော့ တော်ပါပြီ... ကွန်ပျူတာခန်းပြေးပြီး... ကွန်ပျူတာနှိပ်တာကောင်းပါတယ်...
ကွန်ပျူတာခန်းရောက်တော့.... အဲမီးပျက်နေတယ်ဗျာ... ဘောလုံးသွားကန်မယ်... ကန်နေတုန်းတန်းလန်းကြီးဗျာ... ဟေ့... ငါ့ညီတို့ဘောလုံးမကန်နဲ့တဲ့... ရိုက်ကွင်းထဲပါနေလို့ဆိုလား.... ဘာဆိုလား... မသိပါဘူး... ဘုန်းကြီးကျောက်တာနဲ့မကန်ရပါဘူး..... တစ်ပါတ်လောက်တောင်နားလိုက်ရ တယ်.... ဘောလုံးကန်တာကို... အဲဒါကြောင့်ပြောပြပါတယ်... အတော်ရှုပ်တဲ့လူတွေလို့... :(...... အဲ... အဲ.... နောက်ပြီး... ဦးကုသိုလ်က သရုပ်ဆောင်ပြီးတာနဲ့ လူဝတ်ကြီးပြန်ဖြစ်သွားတယ်.... သူတို့ကျတော့ အကုသိုလ် မရဘူးလားမသိဘူး... ဘယ့်နှယ်... သင်္ကန်းရုံလိုက်... လူဝတ်လဲလိုက်နဲ့.....
(မှတ်ချက် ။ ။ ကျွန်တော် Template ပြင်တဲပြသနာကြောင့် အရင်တစ်ပါတ်ကမတင်ဖြစ်လိုက်သည်ကို.. ယခုမှတင်ထားခြင်းဖြစ်သည်။....)